Connect with us

Myanmar

ငွေဆောင်နှင့်ချောင်းသာတို့တွင် ခရီးစဉ်ဒေသများဖော်ဆောင်လျက်ရှိ

ငွေဆောင်ကမ်းခြေ၏ နေဝင်ဆည်းဆာအချိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေဒေသတို့နှင့်ဆက်စပ်သော ခရီးစဉ် ဒေသများကို ဖော်ဆောင်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်သူဦးကဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင်ပြောသည်။

ချောင်းသာကမ်းခြေ၏ ညနေခင်း အလှအား တွေ့ရစဉ် (ဆင်ဟွာ)

ချောင်းသာကမ်းခြေ၏ ညနေဆည်းဆာအချိန်အား တွေ့ရစဉ် (ဆင်ဟွာ)

“ချောင်းသာတို့၊ ငွေဆောင်တို့ကို သွားရင်းနဲ့ ခရီးသည်တွေအနေနဲ့ ဒီခရီးစဉ်တွေကို သွားလို့ရအောင် စီစဉ်တာပါ။ ခရီးသွားဧည့်သည်တွေလည်းစိတ်ဝင်စားကြပါတယ်။ အခုတောင်သွားနေကြပါပြီ’’ ဟု ၎င်းကဆိုသည်။

ပုသိမ်မြို့မှ ကားလမ်းခရီးဖြင့် ၃၅ မိုင်ခန့်သွားရသော ချောင်းသာကမ်းခြေနှင့် ဆက်စပ်လည်ပတ်နိုင်ရန်ဖော်ဆောင်လျက်ရှိသော ခရီးစဉ်ဒေသများမှာ ရွှေသောင်ယံကမ်းခြေနှင့် Sea & Lake အပန်းဖြေစခန်း၊ ဒီရေတောရှုခင်းများ လေ့လာနိုင်သောခရီးစဉ်ဒေသ ၊ သဲဖြူကျွန်းခရီးစဉ်ဒေသ၊ အောင်မင်္ဂလာကျွန်း ခရီးစဉ်ဒေသ၊ ကျောက်မောင်နှမကမ်းခြေ ခရီးစဉ်ဒေသနှင့် ခြောက်ကောင် ကျေးရွာအနီးရှိ ချောင်းသာဆင်စခန်း တို့ကိုဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့မှ ကားလမ်းခရီးဖြင့် ၂၉ မိုင်ခန့်သွားရသော ငွေဆောင်ကမ်းခြေနှင့် ဆက်စပ်လည်ပတ်နိုင်သော နေရာများမှာမူ ၁၉ မိုင်ဆင်စခန်း၊ သဇင်ကျေးရွာရှိမြွေကျွန်းခရီးစဉ်ဒေသနှင့် ဘုရားသုံးဆူ ခရီးစဉ်ဒေသ၊ ငှက်တောင်မြောက်ကျွန်းနှင့် ချစ်သူများကျွန်း ခရီးစဉ်ဒေသ တို့ကိုဖော်ဆောင်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.