Connect with us

Myanmar

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူမည့်အသက်ကို ၆၂ နှစ် ဟု ပြင်ဆင်သတ်မှတ်

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာထုတ်ယူနေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူမည့်အသက်ကို ၆၂ နှစ် ဟု ပြင်ဆင်သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသက်ဆွေ က ဆင်ဟွာသို့ ယနေ့ မတ် ၃၁ရက်တွင် အတည်ပြုပြောကြားသည်။

ဦးသက်ဆွေက “ကျွန်တော်တို့ကြေညာတဲ့ အထဲမှာလည်းပါပါတယ်။ အဲဒါဘာလဲဆိုတော့ လူသားအရင်းအမြစ်တွေကို ထိန်းသိမ်းဖို့၊ လုပ်သက်ရင့်ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့ကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက်အထောက်အကူပြုဖို့ လုပ်သက်ရင့်ဝန်ထမ်းတွေကို ချီးမြှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရာထူးဝန်အဖွဲ့ကနေ ဝန်ကြီးချုပ်ကြီးရဲ့ လမ်းညွှန်ချက်နဲ့ ၆၂ နှစ်ပြည့်တဲ့ အထိ ဆိုပြီး ပြင်ဆင်လိုက်တာပါ။’’ ဟု ပြောသည်။

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကိုထိန်းသိမ်းရန်၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန် လုပ်ငန်းကျွမ်းကျင်သည့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်အလို့ငှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေပုဒ်မ ၂၃၀ ဝန်ထမ်းတစ်ဦး၏ အငြိမ်းစားယူရမည့်နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ် ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ နိုင်ငံမှာ တချို့ ဆိုရင် ၆၀ ပြည့်ပေမယ့် extension ထပ်ပေးတယ်။ လူတွေကလည်း ကျန်းမာတယ်ပေ့ါ။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေလည်းဖြစ်ပါတယ်။ အခုလိုမျိုးထပ်ပြီးတာဝန်ပေးတဲ့အတွက် အများကြီး ကောင်းသွားမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်’’ ဟု ဦးသက်ဆွေက ဆက်ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117