Connect with us

Myanmar

အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ထုတ်ဝေမည်

အမရပူရခေတ် အမျိုးသမီးဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာ့စာတိုက်လုပ်ငန်း)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၉) ရက်တွင် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

အမရပူရခေတ် အမျိုးသားဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာ့စာတိုက်လုပ်ငန်း)

“ဧပြီ ၂၉ ရက် သောကြာနေ့ နံနက် ၀၉:၃၀ နာရီ စပြီးနေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနဲ့ တိုင်းဒေသကြီး၊ပြည်နယ်တွေမှာရှိတဲ့ စာတိုက်ကြီးတွေ မှာ ရောင်းချပေးသွားမှာပါ။ အထူးတံဆိပ်ခေါင်းတွေက ရိုးရာယဉ်ကျေးမှု ကိုထိန်းသိမ်းတဲ့အနေနဲ့ ထုတ်ဝေဖြစ်တာပါ။ နောက်ထပ်လည်း အခုလို အထူးတံဆိပ်ခေါင်းတွေ ထပ်မံထုတ်သွားဖို့ရှိပါတယ်’’ ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကဆင်ဟွာသို့ ယနေ့ ဧပြီ ၂၈ ရက်တွင်ပြောသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၉) ရက်၊ (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်း မှ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117