ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) မြဝတီမြို့၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကော့သောင်းမြို့တို့၌ ဒီဇင်ဘာ လ ၂၆ ရက် တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၁၃၇ ဦး ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁၅ ဦး ပြန်လည် ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ဖွင့်လှစ်ထားသော ငါးပြတိုက်အား ဒီဇင်ဘာ ၂၃ ရက်တွင် အဆင့်မြှင့်တင် ဖွင့်လှစ်သွား မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဒီဇင်ဘာလ ၁၈ ရက် (ဆင်ဟွာ) ယနေ့ခေတ် သမိုင်း တည်ဆောက်ရာတွင် ကရင်တိုင်းရင်းသားများ၏ ကောင်းမြတ်သောအင်အားများ သည် အရေးပါသောကဏ္ဍမှ ပါဝင်ထောက်ပံ့မည်ဟု ယုံကြည်ပါကြောင်း ယနေ့ ကျင်းပသည့် ကရင် နှစ်သစ်ကူးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒေ ပြင်ဆင် ပြောင်းလဲမှုကြောင့် ဇွန်လ ၂၉ ရက်မှ ဒီဇင်ဘာလ ၁၆ ရက်အထိ ဥပဒေနှင့် မညီညွတ်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၅၉,၆၃၁ ဦး မြန်မာနိုင်ငံသို့ပြန်လည် ဝင်ရောက် လာခဲ့ကြောင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မြစ်ချောင်းများ အတွင်း ရေယာဉ်အိုဟောင်း နှင့် ရေယာဉ်ပျက်များ အားလုံး ရပ်နားထားခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ အသိပေး ကြေညာခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်များအား နေ့စဉ် ဆောင်ရွက်နေသည့် လုပ်ငန်းများ တွင် အကောင်းဆုံး အကျိုးရှိစွာ အသုံးချကြရန် နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၉၃ ဦး ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ကမ္ဘာလှည့် ဗီဇာဖြင့် ၂၉၈,၃၉၅ ဦးနှင့် လုပ်ငန်း ဗီဇာဖြင့် ၁၆ဝ,ဝ၇၇ ဦး ဝင်ရောက် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ပြည်ပရောက် မြန်မာ အလုပ်သမားများ ပြည်တွင်းရှိ ဝန်ထမ်း အလုပ်သမားများ နည်းတူ အိမ်ရာ စုဆောင်း ငွေများ လစဉ်စုဆောင်း နိုင်စေရန် နှင့် အိမ်ရာဝယ်ယူရန် အရစ်ကျ စနစ်ဖြင့် ပေးချေနိုင်မည့် အိမ်ရာချေးငွေ Housing Mortgage Loan...