Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၌ ဘဏ္ဍာနှစ် အတွင်း တရားမဝင်သစ် ၁၅၂ တန်ကျော်အား ဖမ်းဆီး ရမိ

ဖမ်းဆီးရမိခဲ့သည့် တရားမ၀င်သစ်များအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင် ခရိုင် ၊ ပုလဲ မြို့နယ်၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ၂၀၁၇ခုနှစ် ဧပြီလမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ ၁၅၂ ဒဿမ ၂၈၆၅ တန် ၊ ဆက်စပ် မော်တော်ယာဉ် ၁၅ စီးနှင့် တရားခံ ၁၄ ဦးကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

၂၀၁၇ခုနှစ် ဧပြီလမှ ၂၀၁၈ခုနှစ် ဇန်နဝါရီလကုန်အထိ ကျွန်းသစ် ၃ ဒသမ ၀၃၇၂တန် ၊ ကျွန်းခွဲသား ၁၃ ဒသမ ၃၃၁၄ တန် ၊ ၃ ပေ အောက် ကျွန်းသစ် ၀ ဒသမ ၃၇၂တန် ၊ သစ်မာသစ် ၃ ဒသမ ၆၆၆ တန် ၊ သစ်မာခွဲသား ၁၁၇ ဒသမ ၂၉၈၉ တန် ၊ ၃ပေအောက် သစ်မာသစ် ၀ ဒသမ ၄၉၈ တန် ၊ အခြားသစ် ၂ ဒသမ ၁၈၂ တန် ၊ အခြားခွဲသား ၁၁ ဒသမ ၇၃၃၀ တန် နှင့် ၃ပေအောက် အခြားသစ် ၀ ဒသမ ၁၆၈ တန် စုစုပေါင်း တရားမဝင် သစ် ၁၅၂ ဒသမ ၂၈၆၅ တန် ၊ ဆက်စပ် မော်တော်ယာဉ် ၁၅ စီး နှင့် တရားခံ ၁၄ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားမဝင်သစ်များ ခိုးယူခြင်း၊ ခုတ်လဲှခြင်း၊ သယ်ဆောင်ခြင်းများကို စီမံချက်ဖြင့် လျှပ်တပြက် စစ်ကြောင်း အသွန်သဏ္ဌာန်ဖြင့် ပုလဲမြို့နယ် သစ်တော ဦးစီးဌာနသည် မြို့နယ် သရက်ခရိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကာကွယ်ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ပုလဲမြို့နယ်အတွင်း တရားမဝင်သစ် ထုတ်လုပ်မှု လျော့နည်း ပပျောက်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်း၍ ပညာပေးဟောပြော ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခြင်း၊ သက်ဆိုင်ရာအဖွဲ့များ ပူးပေါင်း ၍ ဖမ်းဆီးခြင်းလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.