Connect with us

Social

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနဝန်ထမ်းများအနေဖြင့် တရားမဝင်မြေချပါမစ်ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်းတွေ့ရှိပါက စိစစ်အရေးယူ ဆောင်ရွက်သွားမည်

လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှလွှတ်တော်တွင် ပြန်လည်ဖြေကြားစဉ် (ဓာတ်ပုံ-- Yangon Region Government)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနဝန်ထမ်းများအနေဖြင့် တရားမဝင်မြေချပါမစ်ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်းတွေ့ရှိပါက၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကယနေ့ ပြောကြားသည်။

ဖေဖော်ဝါ ရီ ၉ ရက်က တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန် အစည်းအဝေး (စတုတ္ထနေ့)၌ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင် ၏မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းလွှတ်တော်အစည်းအဝေးတွင်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ ရပ်ကွက်အချို့တွင် ၂၀၁၇ ခုနှစ်အတွင်း မြေကွက်များစွာကို မြို့ရွာနှင့်အိုးအိမ် ဌာနမှမြေချပါမစ်များထုတ်ပေးထားပြီး ယင်းမြေချပါမစ်များ ထုတ်ပေးထားခြင်းမှာ မှန်ကန်မှုမရှိသဖြင့် ပြန်လည်စိစစ်အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိသိရှိလိုကြောင်း ကြယ်ပွင့်ပြ မေးခွန်းနှင့်ပတ်သက်ပြီး လျှပ်စစ်၊စက်မှုလက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မြေချပါမစ်ရရှိသူအချို့မှ မြို့ပြဖွံ့ဖြိုးမှုအားနည်းနေသည့် နေရာများတွင် ၎င်းတို့ရရှိသည့် မြေကွက်များကို လက်ခံရယူ အဆောက်အဦ ဆောက်လုပ်နေထိုင်ခြင်းမပြုဘဲ လက်လွှဲရောင်းချမှုများအရ မြေယာဈေးကစားသူများလက်ဝယ်ရောက်ရှိပြီး အဆင့်ဆင့်ရောင်းဝယ်ခြင်း၊ လက်လွှဲခြင်းကိစ္စရပ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေနေရာလက်ရောက်ရယူမှုမရှိခြင်းနှင့် မြေချပါမစ်ကိုသာရယူပြီး အဆင့်ဆင့်လက်လွှဲရောင်းချမှုများဆောင်ရွက်ခြင်းတို့ကြောင့် မြေချပါမစ်အတုပြုလုပ်ရောင်းဝယ်ခြင်းများ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၂ခုနှစ်မှစ၍ မြို့သစ်ရှိမြေကွက်များအား ဦးစီးဌာနအစီအစဉ်ဖြင့် မြေချပါမစ် ထုတ်ပေးမှုလုပ်ငန်းကို ဆောင်ရွက်ခြင်းမရှိတော့ပါကြောင်းနှင့် ဦးစီးဌာနဝန်ထမ်းများအနေဖြင့် တရားမဝင်မြေချပါမစ်ထုတ်ပေးခြင်းများ ဆောင်ရွက်ခြင်းတွေ့ရှိပါက၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၂ခုနှစ်မှစ၍ ဦးစီးဌာနအစီအစဉ်ဖြင့် မြေချပါမစ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ ယင်းလုပ်ငန်းများမှာ (က) ရန်ကုန်တိုင်းဒေသကြီးအဖွဲ့သို့လွှဲအပ်ထားသည့် အရန်မြေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချထားပေးပြီး မြေချပါမစ်ထုတ်ပေးရန်ညွှန်ကြားလာပါက မြေချပါမစ်ဆောင်ရွက်ပေးခြင်း၊ (ခ) ၁၉၈၈ ခုနှစ်နောက်ပိုင်း ဝန်ကြီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ မြို့သစ်များသို့ပြောင်းရွှေ့ပေးရာတွင် ထုတ်ပေးခဲ့ သည့် မြေချစလစ်များအား မြေချပါမစ်ထုတ်ပေးခြင်း၊ (ဂ) လုပ်သက် (၁၅)နှစ်အထက် ဝန်ထမ်းမြေကွက်ရရှိသူများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိခိုက်ကျဆုံးဒဏ်ရာရစစ်သည်များနှင့် ၎င်းတို့၏အမွေဆက်ဆံသူများအား ချပေးထားသည့်မြေကွက်များကို မြေချပါမစ်ထုတ်ပေးခြင်းတို့ကိုသာ ဆောင်ရွက်ပေးလျက်ရှိပြီး အထက်အပိုဒ်ပါကိစ္စရပ်များအတွက် မြေချပါမစ်ပြုလုပ်ပေးပြီးပါက အဆိုပါမြေချပါမစ်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ဆက်လက်လွှဲပြောင်းပေးလျက်ရှိကြောင်း ဆက်လက်ပြောကြားသည်။

ဝန်ကြီးကဖြေကြားရာတွင်“မြေချပါမစ်ဆိုသည်မှာ စည်ပင်မှုမရှိသည့် မြို့သစ်ဒေသများတွင် အိမ်ရာဆောက်လုပ်ဖို့်အတွက် စည်းကမ်းချက်တွေသတ်မှတ်များ ချပေးထားခြင်းဖြစ်ပါတယ်။ မြေချပါမစ်များကို သတ်မှတ်စည်းကမ်းချက်များအရ၊ တဆင့်ရောင်းဝယ်ခြင်း၊ လက်လွဲှခြင်းမပြုနိုင်ပါ။ အိမ်ရာအဆောက်အဦ ဆောက်လုပ်ပြီးပါက မြေငှားစာချုပ်လျှောက်ထားရန်ဖြစ်တယ်။ မြေချပါမစ်ရရှိသူများက မြေချပါမစ်ရရှိပြီးပါက မြေလက်ရောက်ယူပြီး အိမ်ရာဆောက်လုပ်ရန်တာဝန်ရှိပါတယ်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေနဲ့ ရန်ကုန်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ၁၉၉၂ ခုနှစ်မှ ၂၀၀၄ အထိလွှဲပြောင်းပေးခဲ့ပြီး၊ ၂၀၁၂ခုနှစ်မှ ယနေ့အထိ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများအား လွှဲပြောင်းပေးလျက်ရှိရာ ဆောင်ရွက်ဆဲ အိမ်ရာစီမံကိန်းအချို့သာ ကျန်ရှိပြီး ၉၅% ခန့် လွှဲပြောင်း ပေးပြီးဖြစ်ပါတယ်။ ကျန်ရှိအိမ်ရာစီမံကိန်းများကိုလည်း အပြီးသတ်လွှဲပြောင်းရန်ဆောင်ရွက်လျက်ရှိပါတယ်။ ”ဟုဆက်လက် ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.