Connect with us

Social

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး တွင် ဟိုတယ် (၁၆၀၅) လုံးအား လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခဲ့

ရန်ကုန်မြို့လယ်ရှိ ရှန်ဂရီလာဟိုတယ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံး တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဟိုတယ် (၁၆၀၅) လုံးထိ ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှ ဖေဖော်ဝါရီလ ၉ ရက်နေ့က သတင်းထုတ်ပြန်သည်။

၎င်းတို့အနက် နေပြည်တော်ပြည်ထောင်စုဒေသ တွင် ဟိုတယ်အလုံးပေါင်း (၆၄) လုံး ၊ ရန်ကုန်မြို့တွင် ဟိုတယ်အလုံးပေါင်း (၃၉၀) လုံး ၊ မန္တလေးမြို့ တွင် ဟိုတယ် အလုံးပေါင်း (၂၀၈) လုံး ၊ ပုဂံ/ညောင်ဦး တွင် ဟိုတယ်အလုံးပေါင်း (၈၅) လုံး ၊ တောင်ကြီး/အင်းလေး တွင် ဟိုတယ်အလုံးပေါင်း (၁၄၁) လုံးတို့ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (၂၆၃၈) ခု ၊ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် (၂၅၄၅) ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် (၄၃၈၀) ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် (၃၄၄၉) ခု အားခွင့်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.