Social
စားသုံးဆီများတွင် ဓာတုဗေဒဆေးဝါးများ၊ ဆီအနံ့အတုထည့်သွင်းရောင်းချလျှင် အရေးယူမည်
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
စားသုံးဆီ များအတွင်း ဓာတုဗေဒဆေးဝါးများ၊ ဆီအနံ့အတုအဖြစ် ထည့်သွင်းထုတ် လုပ်ရောင်းချနေမှုများအား ထိရောက် စွာ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ပြည်တွင်းစားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် များအသင်း၏ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားသည်။
ပြည်တွင်းစားသုံးဆီထုတ်လုပ် ရောင်းချသည့် ဆီစက်များမှ အဆင့်မီစွာထုတ်လုပ်ရန်လိုအပ်ကြောင်း၊ နည်း ပညာများရရှိရေး ပံံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း၊ စားသုံး ဆီကဏ္ဍအန္တရာယ် ကင်းရှင်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများ အတွက် မိမိတို့ထံအကြံဉာဏ်များပေးနိုင်ပါကြောင်း ၎င်းကဆိုသည်။(Xinhua)