Connect with us

Sport

ပိုက်ကျော်ခြင်းပြိုင်ပွဲ ထိုင်းအသင်း ရွှေ သုံးခု၊ မြန်မာကရွှေတစ်ခု ရရှိ

ပိုက်ကျော်ခြင်းပြိုင်ပွဲများ အပြီး ဆုချီးမြှင့်နေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဒီဇင်ဘာ ၁၂ ၇က်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပခဲ့သော ၁၉ ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း ပြိုင်ပွဲများအတွက် ရွှေတံဆိပ် လေးခု ပေးအပ်ခဲ့ရာ ထိုင်းတက္ကသိုလ်အသင်းက သုံးခု၊ မြန်မာတက္ကသိုလ်အသင်းက တစ်ခု အသီးသီး ရရှိခဲ့သည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ပိုက်ကျော်ခြင်း ပြိုင်ပွဲ၌ အကြိတ်အနယ် ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ဗိုဗီနမ်ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ဗိုဗီနမ်ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ထိုင်းအသင်းသည် ပိုက်ကျော်ခြင်း သုံးယောက်တွဲ ပြိုင်ပွဲတွင် ရွှေ တစ်ခု၊ နှစ်ယောက်တွဲ အသင်းလိုက် ပြိုင်ပွဲတွင် ရွှေ တစ်ခုနှင့် လေးယောက် အသင်းလိုက် ပြိုင်ပွဲတွင် ရွှေ တစ်ခု စုစုပေါင်း ရွှေ သုံးခု ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းသည် နှစ်ယောက်တွဲတွင် ရွှေ တစ်ခု၊ အဖွဲ့လိုက်ပြိုင်ပွဲတွင် ငွေ တစ်ခုနှင့် လေးယောက်တွဲ ပြိုင်ပွဲတွင် ကြေးတစ်ခု ရရှိခဲ့ကြောင်းသိရသည်။ဒီဇင်ဘ ၁၆ ရက်မှ ၁၈ ၇က်အထိ ကျင်းခဲ့သော ဗိုဗီနမ် သိုင်း ပြိုင်ပွဲများတွင်လည်း မြန်မာအသင်းက ရွှေ ငါးခု၊ ငွေ ငါးခုနှင့် ကြေး လေးခု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.