Connect with us

Sport

(၁၉)ကြိမ်မြောက် AUG အောင်မြင်စွာ ပြီးဆုံး


နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံ ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် (၁၉) ကြိမ်မြောက် အရှေ ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ သည် ယမန်နေ့ ညပိုင်းတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ကျင်းပပေးခဲ့ သည်။

တေးသီချင်းများဖြင့် ဖျော်ဖြေစဉ် (ဆင်ဟွာ)

အကပဒေသာများဖြင့် ဖြေဖျော် တင်ဆက်ကြစဉ် (ဆင်ဟွာ)

အကပဒေသာများဖြင့် ဖြေဖျော် တင်ဆက်ကြစဉ် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် AUG ပိတ်သိမ်းပွဲ အခမ်းအနားတွင် ပညာရေး ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြိုင်ပွဲအကြောင်း ရှင်းပြစဉ် (ဆင်ဟွာ)

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ကောင်စီ အထွေထွေ အတွင်းရေးမှူးMr. Muhamad Mohd Hanif ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)

ဒုတိယသမ္မတ ဦးမြင့်ဆွေ နှုတ်ခွန်းဆက်စကား ပြောကြားစဉ် (ဆင်ဟွာ)

ထိုပြိုင်ပွဲ၌ ထိုင်းနိုင်ငံက ရွှေ ၆၂၊ ငွေ ၅၂၊ ကြေး ၃၈ ခု စုစုပေါင်းဆုတံဆိပ် ၁၅၂ ခုဖြင့် ပထမ၊ အင်ဒို နီးရှားနိုင်ငံက ရွှေ ၄၄၊ ငွေ ၃၉၊ ကြေး ၃၀ ခု စုစုပေါင်း ဆုတံဆိပ် ၁၁၃ ခုဖြင့် ဒုတိယ၊ မလေးရှားနိုင်ငံက ရွှေ ၃၇၊ ငွေ ၄၃၊ ကြေး ၄၉ ခု စုစု ပေါင်း ဆုတံဆိပ် ၁၂၉ ခုဖြင့် တတိယ၊ မြန်မာနိုင်ငံက ရွှေ ၂၄၊ ငွေ ၂၆၊ ကြေး ၄၉ ခု စုစုပေါင်းဆုတံဆိပ် ၇၉ ခုဖြင့် စတုတ္ထ၊ ဗီယက်နမ်နိုင်ငံက ရွှေ ၁၆၊ ငွေ ၉၊ ကြေး ၆ ခု စုစုပေါင်းဆုတံဆိပ် ၃၁ ခုဖြင့် ပဉ္စမ၊ လာအိုနိုင်ငံ က ရွှေ ၇၊ ငွေ ၉၊ ကြေး ၁၁ ခု စုစုပေါင်း ဆုတံဆိပ် ၂၇ ခုဖြင့် ဆဌမ၊ စင်ကာပူနိုင်ငံက ရွှေ ၅၊ ငွေ ၁၂၊ ကြေး ၁၈ ခု စုစုပေါင်း ဆုတံဆိပ် ၃၅ ခုဖြင့် သတ္တမ၊ ကမ္ဘောဒီးယားနိုင်ငံက ရွှေ၅၊ ငွေ ၁၀၊ ကြေး ၁၂ ခု စုစုပေါင်း ဆုတံဆိပ် ၂၇ ခုဖြင့် အဋ္ဌမ၊ တီမော နိုင်ငံက ရွှေ ၂ ခုဖြင့် နဝမ၊ ဖိလစ်ပိုင်နိုင်ငံက ရွှေ တစ်ခုဖြင့် ဒသမ၊ ဘရူနိုင်းနိုင်ငံက ဧက ဒသမ အသီးသီး ရရှိခဲ့ကြသည်။ (Xinhua)