Connect with us

Sport

မြန်မာကကရာတေးပြိုင်ပွဲတွင် ရွှေတံဆိပ် ထပ်မံရရှိ

ရွှေတံဆိပ်ဆုရရှိသည့်မြန်မာအားကစားသမားများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ကရာတေး ပြိုင်ပွဲတွင် မြန်မာအသင်းက နှစ်ရက်အတွင်း ရွှေတံဆိပ် ခြောက်ခု ရရှိခဲ့ကြောင်းသိရသည်။

ကရာတေး အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း အတိုက် ဗိုလ်လုပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း စီရုံတွင် ယနေ့ညနေပိုင်း ကျင်းပခဲ့ရာ အမျိုးသား ၆၀ ကီလိုတန်းတွင် မြန်မာ အသင်းမှ အောင်ခင်ဆင့်က ထိုင်းအသင်းမှ Sukyik Pikanet ကို အနိုင်ရကာ ရွှေတံဆိပ်ရရှိခဲ့သည်။အလားတူပင် တစ်ဦးချင်း ကရာတေးအတိုက် အမျိုးသမီး ၅၀ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာ အသင်းမှ သဇင်အေး နှင့် မြန်မာအသင်းမှ ရွှေရီဝင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ကြပြီး သဇင်အေးက အနိုင် ရရှိကာ ရွှေတံဆိပ် တစ်ခု၊ ရွှေရီဝင်း က ငွေတံဆိပ်တစ်ခု ရရှိခဲ့ကြသည်။

ကရာတေး အမျိုးသား ၆၀ ကီလိုတန်းတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ကရာတေး အားကစားသမားများ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ကရာတေး အားကစားသမားများ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ကရာတေး ပြိုင်ပွဲ စတင်ခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့က ရရှိခဲ့သော ရွှေတံဆိပ် လေးခု၊ ကြေး တစ်ခု တို့နှင့်ပါဆိုလျှင် စုစုပေါင်း ရွှေ ခြောက်ခု၊ ငွေ တစ်ခု၊ ကြေး လေးခု ရရှိခဲ့ခြင်း ဖြစ်သည်။ယနေ့ကျင်းပသော ဗိုဗီနမ်သိုင်း ပြိုင်ပွဲများတွင်လည်း မြန်မာအသင်းက ရွှေ သုံးခု၊ ငွေ နှစ်ခု ရရှိခဲ့ ကြောင်း သိရသည်။ မြန်မာအသင်းသည် တစ်ကိုယ်တော် ဓားတစ်လက် အပြ အမျိုးသမီး ပြိုင်ပွဲ၊ အသင်းလိုက် လေးယောက်တွဲ အမျိုးသား ပြိုင်ပွဲ နှင့်တစ်ကိုယ်တော် လက်သိုင်း အမျိုးသား ပြိုင်ပွဲ များတွင် ရွှေ တံဆိပ်တစ်ခု ရရှိခဲ့ပြီး နှစ်ယောက်တွဲ အပြ ကျား/ မ ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု ရရှိခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.