Connect with us

Sport

အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ အုပ်စု (I) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုမည့် အာရှယူ-၂၃ မြန်မာအသင်းလေ့ကျင့်ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အာရှယူ-၂၃ ချန်ပီယံရှစ် ဘောလုံးခြေစစ်ပွဲ အုပ်စု (I) ကို မတ်၂၂ရက်မှ ၂၆ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာဘောလုံးအသင်းသည် အဖွင့်ပွဲအဖြစ် မတ်၂၂ ရက်တွင် တီမော၊ ၂၄ ရက်တွင် မက္ကာအို၊ ၂၆ရက် တွင် ဂျပန်တို့နှင့် ကစားရမည်ဖြစ်ပြီး ပွဲချိန်များမှာ ည ၆း၀၀ နာရီ ဖြစ်ကြောင်း သိရသည်။

ခြေစစ်ပွဲ အုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် အကောင်းဆုံး ဒုတိယ လေးသင်းတို့မှာ ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု (I) ပွဲစဉ်များအတွက် ကွင်းဝင်ကြေးကို ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၂၀၀၀ ကျပ် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.