ပေကျင်း ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သူ တရုတ်နိုင်ငံစစ်တပ်မှ ဆေးသိပ္ပံပညာရှင် ချန်ဝေး(Chen Wei) အားစက်တင်ဘာ ၈ ရက်တွင်“ ပြည်သူ့သူရဲကောင်း” ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရအတည်ပြုလူနာသစ် ၉၈ ဦးတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦးသေဆုံးခဲ့ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်မှုအရသိရသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော် ရှင်းဖားတိဈေးတွင် ဟင်းသီးဟင်းရွက်လက်ကားရောင်းဝယ်သောနေရာကို COVID-19 ကူးစက်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် ယာယီပိတ်ထားရာမှ စက်တင်ဘာ ၆ ရက်တွင် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဈေးကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး ပြန်လည်စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ယနေ့ (စက်တင်ဘာ ၈ ရက်)မှစတင်ပြီး ၂၀၂ဝ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်လုပ်ငန်းများ စတင် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဂုဏ်ထူးဆောင်ဆုရရှိသူများကို ယနေ့ စက်တင်ဘာ ၈ ရက်၌ နိုင်ငံတော်ဂုဏ်ပြုဆုတံဆိပ်များ အသီးသီဂ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရ အတည်ပြုလူနာသစ် ၉၉ ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁,၇၀၉ ဦးရှိလာခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ...
ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်မှ နေပြည်တော်၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိသူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့်ဌာန၊ အဖွဲ့အစည်းများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး ကိုယ်တိုင် မပျက်မကွက် သတင်းပို့ကြရန် COVID-19 ကာကွယ် ထိန်းချုပ်၊ကုသရေး...
ရန်ကန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၀၂ ဦးအား ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ စက်တင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သရက်အုပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ပျောက်ဆုံးမှုတွင် တစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က စက်တင်ဘာ ၈ ရက် တွင် သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြည်တွင်း ကပ်ရောဂါထိန်းချုပ်မှုများ ဖိစီးနေသော်လည်း COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး၌ နိုင်ငံတကာအသိုင်းအဝိုင်းအား စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး အကူအညီများပေးအပ်ခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။