Connect with us

Economy

လန်ချန်း-မဲခေါင်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာစီမံကိန်းများအား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သွားရောက်ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong အားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong သည် ဇွန် ၁၀ ရက်တွင် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) သို့ သွားရောက်၍ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာစီမံကိန်းများ တိုးတက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) အားတွေ့ရစဉ် (ဓာတ်ပုံ–မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

သံမှူးကြီး Mr. Zheng Zhihong က ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ၌ စီမံကိန်း ၉၂ ခု ဖော်ဆောင်ခဲ့ရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများအနက် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း၊ စီမံကိန်းဖော်ဆောင်သည့် နယ်ပယ်များမှာ စပါးစိုက်ပျိုးခြင်းမှသည် ကော်ဖီစိုက်ပျိုးခြင်းအထိ၊ နည်းပညာ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းမှသည် လူငယ်များ ကူးလူးဖလှယ်ခြင်းအထိ၊ လူတော်လူချွန် ပျိုးထောင်ခြင်းမှသည် အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းအထိ လွှမ်းခြုံနေပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီကာ မြန်မာနိုင်ငံ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝကို ထိရောက်စွာ မြှင့်တင်ပေးကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် သိသာသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူကြိုးပမ်း၍ လန်ချန်း-မဲခေါင်ရန်ပုံငွေကို ကောင်းစွာ အသုံးချပြီး နှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်မှစ၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် လန်ချန်း-မဲခေါင်စီမံကိန်း စုစုပေါင်း ၁၀ ခုကို ဖော်ဆောင်ခဲ့သည်။ ၎င်းအနက် “ဝါးအသုံးချမှုဈေးကွက်အလားအလာ” ၊ “မဲခေါင်မြစ်ဝှမ်း ဝါး ဆန်းသစ်ထုတ်ကုန် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း” ၊ “မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန” စသည့်စီမံကိန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး မြန်မာနိုင်ငံ၏ ဝါးအသုံးချမှု အရည်အသွေးကို ထိရောက်စွာ မြှင့်တင်ပေးကာ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံသုတေသနပြုမှုများကို အားဖြည့်ပေးသည်။ လယ်ယာထွက်ကုန်တန်ဖိုးမြှင့်တင်ရေး၊ သစ်သီးဝလံများ အချောထည်ပြုပြင်ရေး၊ လယ်ယာထွက်ကုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စားသောက်ကုန်ထိန်းချုပ်ရေးနှင့် ခွဲခြမ်းစိတ်ဖြာရေးဗဟိုဌာန ထူထောင်ရေး စသည့်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် အချောထည်ပြုပြင်မှု အရည်အသွေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တို့ကို မြှင့်တင်နိုင်ရန် အားဖြည့်ပေးကာ တောင်သူလယ်သမားများကို ဝင်ငွေတိုးစေပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)