ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) COVID – 19 ကပ်ရောဂါ ဖြစ်ပွားသူ ၄၃ ဒသမ ၇၈ ရာခိုင်နှုန်း ရှိပြီး မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှုအများဆုံးဒေသ ဖြစ်လာသည့် ရခိုင်ပြည်နယ်၌ ရောဂါကူးစက်မှုများ အမြန်ဆုံး ထိန်းချုပ်နိုင်ရေး၊ နောက်ထပ် ဖြစ်ပွားမှုတွေ မရှိရေး၊ စားနပ်ရိက္ခာ ပြတ်လပ်မှုများ...
နေပြည်တော်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါ ကလအတွင်း အခြေခံ မိသားစုများအား ရိက္ခာနှင့် ငွေ ထောက်ပံ့မှုများ အပါ အဝင် ပြည်သူလူထုနှင့် တိုက်ရိုက် ဆက်စပ်သည့် ထောက်ပံ့ငွေ စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလီယံကို နိုင်ငံတော်က...
ရန်ကုန် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် စက်တင်ဘာ (၄)ရက် ည (၈)နာရီတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၈) ဦးအား တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အီဂျစ် ကွန်မြူနစ်ပါတီ (ECP) အတွင်းရေးမှူးချုပ် Salah Adly ကပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အတွက် ထည့်ဝင်ထားသော ရန်ပုံငွေကို အခြား ကုလသမဂ္ဂအတွက် ထည့်ဝင်ငွေများအဖြစ် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပြီး ယင်းအဖွဲ့၌ အမေရိကန် ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံတကာတွင် လက်တွေ့စမ်းသပ်မှုအဆင့်-၃ သို့ရောက်နေသည့် COVID-19 ကာကွယ်ဆေး လေးမျိုးသည် လက်တွေ့စတင် စမ်းသပ်မှုသတင်းများ ဖော်ပြခဲ့သည့် ပြည်ပမီဒီယာကြီးများကြောင့် အနောက်နိုင်ငံများမှ စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ကုန်အထိ ဆန်မက်ထရစ်တန်ချိန် ၂ ဒသမ ၄ သန်းကျော် ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ဆန်မက်ထရစ်တန်ချိန် ၂ ဒသမ ၂...
ပေကျင်း၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) အတွက် မီဒီယာစင်တာကို စက်တင်ဘာ ၃ ရက်က အစမ်းလုပ်ဆောင်ခြင်း စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) နေပြည်တော် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ငလျင်လှုပ်ရှားမှု နှင့် ပတ်သက်၍ သုတေသနပြုစီမံကိန်း တစ်ခု ဆောင်ရွက်ရန် ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင် ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ စက်တင်ဘာ ၄ ရက်...