Connect with us

Sport

၂၀၂၃ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအပါအဝင် အသင်းပေါင်း ၂၄သင်း ဝင်ရောက်ယှဉ်ပြိုင်မည်

အာရှဖလား ၂၀၂၃ ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်မှု အဖြစ် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၂၂ ခုနှစ် မေလ ၂၇ ရက် တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ဘာရိန်းလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ကာဂျစ္စတန်နိုင်ငံ၌ ၂၀၂၂ ခုနှစ် ဇွန် ၈ ရက် မှ ၁၄ ရက်အထိ ကျင်းပမည့် ၂၀၂၃ခုနှစ် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအပါအဝင် လက်ရွေးစင်ဘောလုံးအသင်းစုစုပေါင်း ၂၄သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ ယနေ့ ဇွန် ၇ ရက်တွင်ပြောသည်။ဦးကိုကိုသိန်းက “ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အနေနဲ့ ဇွန် ၈ ရက်နေ့ မှာ တာဂျစ်ကစ္စတန်လက်ရွေးစင်ဘောလုံးအသင်းနဲ့ကစားမယ်။ ဇွန် ၁၁ ရက် မှာ ကာဂျစ္စတန်လက်ရွေးစင်ဘောလုံးအသင်း နဲ့ကစားမယ်။ ဇွန်၁၄ ရက် နေ့မှာ စင်ကာပူလက်ရွေးစင်ဘောလုံးအသင်းနဲ့ ကစားမှာပါ’’ ဟု ပြောသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ NATO ဌာနချုပ်၌ အလံများ လွှင့်ထူထားသည်ကို ဧပြီလ ၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပထမအဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲများကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့်ကျင်းပခဲ့သော်လည်း COVID-19 ကပ်ရောဂါအခြေအနေကြောင့် အုပ်စုတစ်ခုကို အိမ်ရှင်နိုင်ငံ တစ်နိုင်ငံ ရွေးချယ်၍ ကျင်းပမည်ဖြစ်ကြောင်း ဆိုသည်။

“မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း အနေနဲ့ ပြီးခဲ့တဲ့ ၂ လကတည်းက စခန်းသွင်းလေ့ကျင့်မှုတွေကို ဆောင်ရွက်ခဲ့တယ်။မနေ့က ကျွန်တော်တို့ လက်ရွေးစင်ဘောလုံးအသင်းက ကာဂျစ္စတန်နိုင်ငံ ကို ရောက်တယ်။လက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ’’ ဟု ဦးကိုကိုသိန်းက ဖြည့်စွက်ပြောကြားသည်။

အာရှဖလားခြေစစ်ပွဲဝင်မည့်
မြန်မာ့လက်ရွေးစင်အသင်း ၏ အပြီးသတ်လူစာရင်းတွင် စုစုပေါင်း ကစားသမား (၂၃)ဦးကို ရွေးချယ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ (Xinhua)

#ဘောလုံး #အာရှဖလား #ဆင်ဟွာ
#FootBall #AsiaCup #Xinhua #Myanmar #XinhuaMyanmar


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117