ပေကျင်း ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူ လေးဦးအား နိုင်ငံတော်ဆုတံဆိပ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ရန် သမ္မတအမိန့်ဒီဂရီတစ်ရပ်ကို ဩဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ကာကွယ်ဆေးမရှိသည့်အတွက် ခြင်ကိုက်ခံရ၍ ဆင်တုပ်ကွေးရောဂါ လက္ခဏာ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် စမ်း သပ်စစ်ဆေး၍ ကုသမှုခံယူရန် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သန္တာလွင်က ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများတွင် ကာယပညာသင်ကြားလေ့ကျင့်မှုဆိုင်ရာ သင်ခန်းစာများကို လာမည့်သင်ရိုးညွှန်တမ်းသစ်တွင် ထည့်သွင်းရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ သြဂုတ် ၁၁ ရက် တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် မိုးလယ်ကာလ တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ ၌ ရွာသွန်းမြဲအောက် မိုးရေချိန် အနုတ် ၃၀ နှင့် ၄၀ ကြားတွင် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ရွာသွန်းမြဲအောက်...
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ မော်တော်ယာဉ် အစီးရေပေါင်း ၅,၈၀၀ ကျော် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်က ဆင်ဟွာ သို့ ယနေ့ သြဂုတ် ၁၁ ရက် တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်ရွေးကောက်ပွဲအား လွှမ်းမိုးရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတစ်ဦး၏ ထုတ်ပြန်ချက်အပေါ် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်သမ္မတရွေးကောက်ပွဲအား လုံးဝ စိတ်ဝင်စားခြင်းမရှိကြောင်း နှင့် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ဩဂုတ်...
ပေကျင်း ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ၏ ဗဟို ဥရောပ စံတော်ချိန် သြဂုတ် ၁၀ ရက် ၁၀ နာရီထိ နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာပေါ် တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၅၃,၄၀၉ ဦး ထပ်မံ...
ဘေရွတ်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှုဖြစ်ပွားပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်းတွင် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဟတ်ဆန် ဒီယက် (Hassan Diab) က ၎င်း၏ အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ကြောင်း ဩဂုတ် ၁၀...
ပေကျင်း၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်သည် ဟောင်ကောင်အရေးကိစ္စကို ပြောင်ပြောင်တင်းတင်း လက်လျှိုဝင်ပြီး တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို တရကြမ်း ဝင်ရောက်စွက်ဖက်နေခြင်းသည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို ဆိုးဝါးစွာ ချိုးဖောက်ခြင်းဖြစ်ရာ ၎င်း၏ လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန...
ကိုလံဘို ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) သီရိလင်္ကာကျွန်းနိုင်ငံတွင် လူပေါင်း ၂,၈၀၀ ကျော် ကူးစက်ခံရပြီး COVID-19 ကပ်ရောဂါ သတိထားရနေရစဉ်ကာလအတွင်းမှာပင် တစ်လကျော်ကြာ ပိတ်ထားခဲ့ရသည့် အစိုးရကျောင်းများအားလုံးကို ဩဂုတ် ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာပညာရေးဝန်ကြီးဌာနက ဆိုသည်။