Connect with us

China

ရုရှား-ယူကရိန်း အခြေအနေဖြေလျှော့ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ စေ့စပ်ညှိနှိုင်းကြိုးပမ်းမှုကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား ဧပြီ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် မကြာသေးမီရက်များအတွင်းက ရုရှားနှင့် ယူကရိန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ရုရှား-ယူကရိန်း အခြေအနေဖြေလျှော့ရန် အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်၏ စေ့စပ်ညှိနှိုင်းကြိုးပမ်းမှုကို တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဧပြီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးအနေဖြင့် အခက်အခဲများကို ကျော်လွှားကာ စေ့စပ်ညှိနှိုင်းမှု ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံက အမြဲထောက်ခံသလို စေ့စပ်ညှိနှိုင်းမှုအတွက် အပြုသဘောဆောင်အကျိုးပြုသည့် နိုင်ငံတကာအသိုက်အဝန်း၏ ကြိုးပမ်းမှုကိုလည်း ကြိုဆိုပါကြောင်း ၎င်းကပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားသည်မှာ နှစ်လကျော်ကြာလာပြီဖြစ်ရာ စစ်ပွဲသက်ရောက်မှုသည် တစ်နေ့တစ်ခြားပိုမို ပေါ်ထွက်လာကာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ ဥရောပတိုက် ပြည်သူများက စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်ရန် ပိုမိုတောင်းဆိုလာသည်ကို တရုတ်နိုင်ငံမှ သတိပြုမိကြောင်း ၎င်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးခွန်းများ ဖြေကြားရာ၌ ပြောကြားခဲ့သည်။ စစ်ပွဲနှောင့်နှေးကြန့်ကြာမှုနှင့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဥရောပဒေသရှိ စွမ်းအင်ဈေးနှုန်းမှာ ကာလတူထက် ၄၄.၇ ရာခိုင်နှုန်းတိုးလာပြီး ငွေကြေးဖောင်းပွမှုမှာလည်း ဆက်လက်မြင့်တက်လာရာ သာမန်ပြည်သူများ၏ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုပိုမိုကြီးမားလာသည်။ သို့သော် အမေရိကန်လက်နက်ရောင်းဝယ်သူ၊ စားသောက်ကုန်ရောင်းဝယ်သူနှင့် နောက်ကွယ်မှ တွန်းပို့သူများမှာမူ စစ်ပွဲကိုအခွင့်ကောင်းယူကာ အကျိုးအမြတ်များစွာ ရရှိနေကြောင်း ၎င်းကပြောကြားခဲ့သည်။

“လက်ရှိအခြေအနေအရ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သဘောထားကွဲလွဲမှုတွေထက် စည်းလုံးညီညွတ်ကို လက်ကိုင်ထားရမယ်၊ ဗိုလ်ကျစိုးမိုးမှုမဟုတ်ဘဲ ဒီမိုကရေစီကို ဖော်ညွန်းရမယ်၊ တစ်ဖက်သတ် ပိတ်ဆို့မှုမဟုတ်တဲ့ စေ့စပ်ညှိနှိုင်းမှုကို ဆောင်ရွက်ရမယ်၊ ဘက်‌ရွေးရပ်တည်ခြင်းမဟုတ်ဘဲ မိမိဆန္ဒအလျောက် လွတ်လပ်စွာ ဆုံးဖြတ်ပြီး ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ အတူလက်တွဲတွန်းအားပေးရမှာဖြစ်တယ်။ တရုတ်နိုင်ငံက နိုင်ငံအသီးသီးနဲ့ လက်တွဲကာ ဒီကိစ္စမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်” ဟု ကျောက်လိကျန်း ပြောကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
外交部:欢迎联合国秘书长为缓和俄乌局势展开的斡旋努力
新华社北京4月29日电(记者孙楠、董雪)联合国秘书长古特雷斯日前先后访问俄罗斯、乌克兰。外交部发言人赵立坚29日就此表示,中方欢迎古特雷斯秘书长为缓和俄乌局势展开的斡旋努力。中方一向支持俄乌双方克服困难继续谈判,也欢迎国际社会一切有利于劝和促谈的努力。
“俄乌冲突爆发已经超过两个月,冲突外溢效应日益显现,令人担忧。”赵立坚在例行记者会上回答相关提问时说,中方注意到近期欧洲民众要求通过对话和谈尽快结束冲突的呼声越来越大。战争延宕和对俄制裁使得欧元区能源价格同比上涨44.7%,通货膨胀不断攀升,普通民众的生活受到越来越大的影响。而相比之下,美国的军火商、粮商以及操盘手则是赚得盆满钵满。
“当前形势下,国际社会应当坚持要团结不要分裂,要民主不要霸权,要对话协商不要单边制裁,要独立自主不要选边站队,共同推动冲突尽快平息,和平早日来临。中方愿同各方一道,继续为此发挥建设性作用。”赵立坚说。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.