ချန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပန်ဒါကြီးမျိုး ထိန်းသိမ်းရေးနှင့် သုတေသနစင်တာတွင် မတ်လ ၁၇ ရက်က ထိန်းသိမ်းစောင့်ရှောက်ထားသော ပန်ဒါကြီးမျိုးမှ ကမ္ဘာ့ပထမဆုံး ပန်ဒါအမြွှာမွေးဖွားခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား နှစ်ဦးတွင် COVID-19 ရောဂါ ဖြစ်ပွားနေကြောင်း ယနေ့ မတ် ၁၈ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံ အတွင်း ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၃၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။
ပါရီ၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇,၇၃၀ဦး ရှိလာရာ ပြီးခဲ့သောရက်ကထက် ၁,၀၉၇ ဦးထပ်တိုးလာကြောင်း ပြင်သစ် ကျန်းမာရေးဌာန အကြီးအကဲ Jerome Salomonက မတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးကြီး လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ကုန်တင်လေယာဉ်ဖြင့် တင်သွင်းလာပြီး မတ် ၁၇ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီ (Arif Alvi) တို့သည် မြို့တော် ပေကျင်း၌ တွေ့ဆုံခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြောင်း...
နေပြည်တော်၊ မတ် ၁၈ ရက်(ဆင်ဟွာ) မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် (EDCF: Economic Development Cooperation Fund) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ရယူဆောင်ရွက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်...
နေပြည်တော်၊ မတ် ၁၈ရက် (ဆင်ဟွာ) COVID -19 ကာကွယ်ရေး အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်၌ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ် တော် အစည်းအဝေး ခန်းမ မဝင်မီ၌လည်းကောင်း၊ သတင်းယူရန် ရောက်ရှိလာသည့် မီဒီယာသမား များအား...
ပေကျင်း၊ မတ် ၁၈ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပြည်သူ့အားကစားစီမံကိန်းများကို ထောက်ပံ့ရန် ဗဟိုဘတ်ဂျက်မှ ယခုနှစ်အတွက် ရန်ပုံငွေ ပထမအသုတ် ခွဲဝေသတ်မှတ်ခဲ့ကြောင်း ထိပ်တန်း စီးပွားရေးစီမံခန့်ခွဲမှုအဖွဲ့ဖြစ်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင်က မတ် ၁၆ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်ရောက်ရှိနေစဉ် မတ် ၁၇ ရက်၌ သေဆုံးခဲ့ပြီး ၎င်းသေဆုံးမှုသည်COVID-19 ရောဂါကြောင့်မဟုတ်ကြောင်း ယနေ့ မနက် ၁နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော...