Connect with us

Asia

အိန္ဒိယနိုင်ငံတွင် အနည်းဆုံး ကလေးငယ်ပေါင်း ၁,၇၀၀ ဦး COVID-19 ကပ်ရောဂါကြောင့် မိဘမဲ့များ ဖြစ်သွားရ

နယူးဒေလီ ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အမြင့်ဆုံးတရားရုံးက ဇွန် ၁ ရက်၌ ထုတ်ပြန်သည် ကြေညာချက်အရ COVID-19 ကပ်ရောဂါကြောင့် အိန္ဒိယနိုင်ငံတွင် အနည်းဆုံး ကလေးငယ်ပေါင်း ၁,၇၀၀ ဦးမှာ မိဘနှစ်ပါးစလုံး ဆုံးရှုံးသွားခဲ့ရပြီး ကလေးငယ်ပေါင်း ၇,၄၀၀ မှာ ဖခင် သို့မဟုတ် မိခင် ဆုံးရှုံးသွားရကြောင်း သိရှိရသည်။အိန္ဒိယနိုင်ငံ အမျိုးသား ကလေးသူငယ် ကာကွယ်ရေးကော်မတီ၏ အမြင့်ဆုံးတရားရုံးသို့ ပေးပို့ခဲ့သည့် စာရင်းပြုစုချက်တွင် ၂၀၂၀ပြည့်နှစ် မတ်လ မှ ၂၀၂၁ ခုနှစ် မေ ၂၉ ရက်အချိန်ထိ COVID-19 ကပ်ရောဂါကြောင့် Madhya Pradesh ပြည်နယ်တွင် ကလေးငယ်ပေါင်း ၃၁၈ ဦး မိဘမဲ့ ကလေးများဖြစ်သွားရကြောင်း ၊ Bihar ပြည်နယ် နှင့် Uttar Pradesh တို့တွင် ကလေးငယ် ၂၉၂ ဦး နှင့် ၂၇၀ ဦး အသီးသီး မိဘမဲ့ကလေးများဖြစ်သွားရကြောင်း ၊ Andhra Pradesh ပြည်နယ် နှင့် Chhattisgarh ပြည်နယ်တို့တွင် ကပ်ရောဂါကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးငယ် ၁၀၀ ဦးစီ အသီးသီးမြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ အမျိုးသား ကလေးသူငယ် ကာကွယ်ရေးကော်မတီ အနေဖြင့် ကိုယ်ပိုင်ဝဘ်ဆိုက် တစ်ခုထူထောင်ထားပြီး နိုင်ငံအတွင်းဒေသအသီးသီးရှိ ကပ်ရောဂါကြောင့် မိဘနှစ်ပါးဆုံးရှုံးသွားရသည့် ကလေးငယ်များ၏ အချက်အလက်များအား ပေးပို့ရန် တောင်းဆိုခဲ့ပြီး ကလေးငယ်များအတွက် လူမှုဖူလုံရေး နှင့် စီးပွားရေးထောက်ပံ့မှုများ စီစဉ်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။

နယူးဒေလီဝန်ကြီးချုပ် Arvind Kejriwal က လတ်တလောရက်ပိုင်းအတွင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ဒေသခံအစိုးရအနေဖြင့် ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မိဘနှစ်ပါးလုံးဆုံးရှုံးသွားရသည့် ကလေးငယ်များအတွက် လစဉ် အမေရိကန်ဒေါ်လာ ၃၄ ဒေါ်လာခန့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယင်းစီးပွားရေးထောက်ပံ့ကြေးအား ၎င်းတို့ အသက် ၂၅ နှစ် မပြည့်မီအထိ ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ၎င်းတို့အတွက် အခမဲ့ ပညာသင်ကြားရေးကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ ၁ ရက်ထုတ်ပြန်ခဲ့သော ကပ်ရောဂါဆိုင်ရာ အချက်အလက်အရ အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၁၂၇,၅၁၀ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း၂၈,၁၇၅,၀၄၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၂,၇၉၅ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၃၃၁,၈၉၅ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ (Xinhua)

——————————————
(Chinese Version)

(国际疫情)印度至少1700名儿童因新冠疫情成为孤儿

新华社新德里6月1日电(记者胡晓明)印度最高法院6月1日公布的文件显示,新冠疫情已经导致印度至少1700名儿童失去双亲成为孤儿,7400名儿童丧父或丧母。

根据印度国家儿童权利保护委员会向最高法院提交的数据,2020年3月至2021年5月29日,新冠疫情导致中央邦318名儿童成为孤儿,比哈尔邦和北方邦分别有292名和270名儿童成为孤儿,安得拉邦和切蒂斯格尔邦各报告新增100多名孤儿。

该委员会设立了门户网站,要求全国各地上传疫情导致失去父母的儿童信息,以便为这些儿童安排一定的福利和经济支持。
新德里首席部长凯杰里瓦尔此前宣布,当地政府将为疫情期间失去父母的儿童提供每月2500卢比(约合34美元)的经济补助直至其年满25岁,并为其安排免费教育。

据印度卫生部6月1日公布的疫情数据,印度单日新增新冠确诊病例127510例,累计确诊28175044例;新增死亡2795例,累计死亡331895例。(完)

Photo
5月13日,一名新冠病人在印度巴特那一所医院外吸氧。新华社发