Connect with us

Europe

ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေးမှုတွင် အပြောင်းအလဲကြီးကြီးမားမား ရလဒ်ထွက်ရန် မမျှော်လင့်ထားဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ)

ယခုလတွင် ကျင်းပမည့် ရုရှား-အမေရိကန် နှစ်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေးပွဲတွင် အပြောင်းအလဲကြီးကြီးမားမား ရလဒ်ထွက်ရန် မျှော်လင့်မထားကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့က (ဆွေးနွေးပွဲမှာ) အပြောင်းအလဲကြီးဖြစ်မယ့်ရလဒ်အချို့ရဖို့၊ သမိုင်းဝင်ဆုံးဖြတ်ချက်ကြီးတွေချမယ့်ပုံရိပ်မျိုးရှိဖို့တော့ ဖန်တီးဖြစ်မှာ မဟုတ်ပါဘူး”ဟု Sputnik သတင်းဌာနက Sergey Lavrov၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒန်တို့သည် ဇွန် ၁၆ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ရုရှားက နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံဆွေးနွေးမှုတွင် ရုရှား-အမေရိကန် ဆက်ဆံရေးလက်ရှိအခြေအနေနှင့်တစ်ဆင့်တိုးတက်ရေးအလားအလာ၊ မဟာဗျူဟာတည်ငြိမ်ရေး၊ ကိုဗစ်ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ရေးနှင့် ဒေသတွင်း ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးစသည့် ကဏ္ဍများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ အမေရိကန်က ဆွေးနွေးပွဲတွင် ကြိုတင်ခန့်မှန်း၍ရပြီး တည်ငြိမ်မှုရှိသည့် အမေရိကန်-ရုရှားနိုင်ငံဆက်ဆံရေးကို အဖြေရှာသွားမည်ဖြစ်ကြောင်းနှင့် အရေးပေါ်ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

——————————————
(Chinese Version)

俄外长说不指望俄美总统会晤有突破性成果

新华社北京6月2日电(记者惠晓霜)俄罗斯外交部长拉夫罗夫6月1日表示,俄方不指望俄罗斯与美国本月将举行的总统会晤有突破性成果。
俄罗斯卫星通讯社援引拉夫罗夫的话报道:“我们没有试图制造(会晤)将取得某些突破、作出某些历史性重大决定的印象。”

俄罗斯总统普京与美国总统拜登定于6月16日在瑞士日内瓦会晤。俄方说,双方领导人将讨论俄美关系现状和进一步发展前景、战略稳定、抗击新冠疫情合作以及地区冲突调解等问题。美方说,美国寻求在美俄关系中恢复可预见性和稳定,双方领导人将在会晤中讨论一系列紧迫问题。
图说:这是4月16日在俄罗斯首都莫斯科拍摄的美国驻俄罗斯大使馆。(新华社发,叶甫盖尼•西尼岑摄)