ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ) “ပိုးလမ်းမ ရုပ်ရှင် ပွဲတော်” ဒုတိယ အကြိမ် တက်ဟုန်း အပြည်ပြည် ဆိုင်ရာ Micro Film ပြိုင်ပွဲအား ဧပြီလ (သြင်္ကန် ပွဲတော်) ကာလ အတွင်း တရုတ်နိုင်ငံ ၊ ယူနန် ပြည်နယ် ၊...
အင်ဒီယားနားပိုလိစ်၊ အမေရိကန်၊ မတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်း ၃၆၁ ခုအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်နိုင်ငံက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြုလုပ်သော အခမ်းအနားတစ်ခု၌ ကြေညာခဲ့သည်။
ဒမတ်စကပ် ၊မတ် ၁ ရက် (ဆင်ဟွာ) များပြားလှသော ဆီးရီးယားဒုက္ခသည်များသည် လက်ဘနွန်နိုင်ငံသို့ ရောက်ရှိနေရာမှ ဆီးရီးယားနိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ရောက်လာခဲ့ကြောင်း ပြည်နယ်သတင်းအေဂျင်စီ SANAသတင်းအရ သိရသည်။
ဟောင်ကောင်၊ မတ် ၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ မက်ကွာရီကျွန်း၏ မြောက်အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာတွင် အင်အား ၅.၈ ပမာဏရှိသော ငလျင်တစ်ခု မတ်လ ၁ ရက် နံနက် ၀၁း၀၂း၁၂ နာရီက လှုပ်ရှားသွားခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ) ယခုနှစ် မတ်လ ၆ ရက်မှ ၁၅ ရက် အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ကာလ အတွင်း ဆေးရုံ တက်ရောက်၍ ဆေးဝါး ကုသမှု ခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှု မရှိစေရန်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် တောင်ဘက်ရှိ သနပ္ပင်ကျေးရွာသို့ ဆက်သွယ်သော မှော်ဝန်းချောင်း ကို တံတားဦးစီးဌာနမှ တံတားအတွက်လိုအပ်သည့် ဒီဇိုင်းပုံစံများကိုတောင်းခံ၍ မှော်ဝန်းမြစ်ကူးတံတား အား၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက တည် ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်...
ပါရီ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) Brexit အချိန် ဗြိတိန်ရွှေ့ဆိုင်းရန် ဆုံးဖြတ်မည်ဆိုပါက စဉ်းစားပေးမည်ဟု ပြင်သစ် သမ္မတ မိုက်ခရွန် နှင့် ဂျာမနီ ဝန်ကြီးချုပ်အန်ဂျလာမာကဲ က ဖေဖော်ဝါရီ ၂၇ တွင် ပါရီမြို့၌ ပြောကြားခဲ့ ကြောင်း သိရ သည်။
ဒိုဟာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ ၏ ၂၀၁၉ ခုနှစ်ဘတ်ဂျက်အတွက် စုစုပေါင်း ကာတာသုံးငွေရွိုင်ရယ်၇၃ သန်း (အမေရိကန်ဒေါ်လာ ၂၀.၅ သန်း) ကို ကာတာနိုင်ငံ မှထောက်ပံ့ရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကာတာနိုင်ငံက ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ ရှောင်တခင်စစ်ဆေးခဲ့ ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိကြောင်း သတင်းထုတ်ပြန်သည်။