Connect with us

Local

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးစက်မှုဇုန် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော်ရန်ရှိ 

လှည်းကူးမြို့အဝင်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် လှည်းကူးစက်မှုဇုန်တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုးက ဆင်ဟွာသို့ ယနေ့ ဇွန် ၁၇ ရက်တွင်ပြောကြားခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဆားလလင်းလမ်းမပေါ်မှာ ဧက ၁,၂၀၀ လောက်ရှိတဲ့ စက်မှုဇုန်တစ်ခုကို ကျွန်မတို့ အကောင်အထည်ဖော်ဆောင်ရွက်မှာပါ။ အဲဒီစက်မှုဇုန်မှာ  ပြည်တွင်းရဲ့ စားသောက်ကုန်တွေ ကို Value added အဓိကထုတ်မှာ ။ စက်မှုဇုန်တည်ဆောက်ရေးကို စပြီးဆောင်ရွက်ရင်လည်း COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက်တွေ အတိုင်းဆောင်ရွက်သွားမှာပါ’’ ဟု ၎င်းက ဆိုသည်။

အဆိုပါစက်မှုဇုန် စီမံကိန်းဆောင်ရွက်ရန် ပြည်ထောင်စု စီးပွားရေးကော်မတီကလည်း ကြိုတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့လည်းတင်သွင်းသွားမည်ဖြစ်ကြောင်း၊  ဝန်ကြီးဌာနများ ၏ ထောက်ခံချက်များလည်းရရှိထားပြီးဖြစ်ကြောင်း၊  ပြည်သူလူထုကလည်း စီမံကိန်းဆောင်ရွက်မှု အား သဘောတူသည့် လက်မှတ်များရေးထိုးထား ပြီးဖြစ်ကြောင်း နှင့် လွှတ်တော် ၂ရပ်မှလည်း လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း နော်ပန်သဉ္ဇာမျိုးက ဆိုသည်။

ဒေသဖွံ့ဖြိုးရေး နှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ရန် ၎င်းစက်မှုဇုန်စီမံကိန်း အားဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.