Connect with us

WORLD

ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတတွင် COVID-19 ရောဂါပိုး တွေ့ရှိ

ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Juan Orlando Hernandez အား တွေ့ရစဉ် (ဆင်ဟွာ)

တက်ဂူလ်စီလ်ဂါပါ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Juan Orlando Hernandez က ၎င်းနှင့် ဇနီး Ana Garcia တို့နှစ်ဦးလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဇွန် ၁၆ ရက်က နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းကြေညာခဲ့သည်။

“ဒီနေ့ ကျွန်တော့်မှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တယ်” ဟု ရုပ်မြင်သံကြားမိန့်ခွန်း၌ Hernandez က ပြောခဲ့သည်။ 

“ကျွန်တော့်မှာ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားနေရတယ်။ အချိန်တိုအတွင်းမှာ ကျွန်တော်တို့ ပုံမှန်အလုပ်တွေ ပြန်လုပ်နိုင်မှာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး အီလက်ထရာနစ်စနစ်မှတစ်ဆင့် သမ္မတ တာဝန်များကို အပြည့်အဝ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့သည်။

ဟွန်ဒူးရပ်စ်နိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၉,၆၅၆ ဦးရှိပြီး သေဆုံးသူ ၃၃၀ ဦးနှင့် ရောဂါမှ ပြန်လည်သက်သာလာသူ ၁,၀၅၇ ဦးရှိကြောင်း အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်အရ သိရသည်။  (Xinhua)