ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မန္တလာသီရိကွင်း တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U-16 Women’s Championship 2019 ဘောလုံးခြေစစ်ပွဲစဉ် ဒုတိယအဆင့်ပွဲများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁၉,၃၀၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန် မှ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ဆီးရီးယားနိုင်ငံ၌ ဖမ်းဆီးရမိထားသည့် IS အကြမ်းဖက်သမား ဒုတိယအသုတ် အယောက် ၁၈၀ ကို ဖေဖော်ဝါရီ လ ၂၃ ရက် နေ့တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှဲပြောင်းရယူခဲ့ကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ဖယ်ခုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၄၉ ဧက အား ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ဘန်ဂလိုမြို့ရှိ ကားရပ်ကွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက ရုတ်တရက် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကားအစီးရေ ၃၀၀ ခန့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရသူစာရင်းမထွက်ရှိသေးကြောင်း သိရသည်။
ခါတွန် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံသမ္မတOmar al-Bashirက ဖေဖော်ဝါရီ ၂၃ ရက်တွင် Mohamed Tahir Ayala အား ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ၊ Ahmed Ibn Auf အား ပထမဒုတိယသမ္မတနှင့် ကာကွယ်ရေး ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်းကြေညာခဲ့သည်ဟု သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ရှိ ရန်ကုန်ကလေးဆေး ရုံကြီးတွင် ကလေးနာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသူ ကလေးလူနာနှစ်ဦးအား ဆွေမျိုးတို့၏ ကျောက်ကပ်တစ်ခြမ်းစီဖြင့် အစားထိုးကုသမှုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဖေဖော်ဝါရီ ၂၃ ရက်က ကော်ဇောစက်ရုံတစ်ခု အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ပြီး အခြားလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရောမ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် ဖေဖော်ဝါရီ ၂၃ ရက်က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာ လူ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။