Connect with us

CHINA

သန်းနှင့်ချီသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများက တစ်နိုင်ငံလုံး၏ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းစစ်မြေပြင်တွင် ပါဝင်ဆင်နွှဲခဲ့ကြောင်း စက္ကူဖြူစာတမ်း ဆို

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံကြီးတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ဆေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အခက်အခဲများကိုရင်ဆိုင်တွန်းလှန်ကာ ရှေ့သို့လှမ်းချီခဲ့ကြကြောင်း ၊ သန်းနှင့်ချီသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများက တစ်နိုင်ငံလုံး၏ကပ်ရောဂါတိုက်ဖျက်ရေးရှေ့တန်းစစ်မြေပြင်တွင်  တိုက်ပွဲဝင်ခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏လှုပ်ရှားဆောင်ရွက်မှုများ ဟူ၍ အမည်ပေးထားသည့် စက္ကူဖြူစာတမ်းထဲတွင် ဖော်ပြထားသည်။ 

အသက် ၇၀ ကျော် သက်ကြီး ကျွမ်းကျင်ပညာရှင်မှသည် ၁၉၉၀ခုနှစ်၊ ၂၀၀၀ ခုနှစ်နောက်ပိုင်းမွေးဖွားလာသည့် လူငယ်လူရွယ်များအထိ  ကပ်ရောဂါရင်ဆိုင်ရာတွင် တွေဝေတုံ့ဆိုင်းခြင်း မရှိ ရဲဝံ့စွာရှေ့သို့လျှောက်လှမ်းခဲ့ကြကြောင်း ၊ ဟူပေပြည်နယ်နှင့်ဝူဟန့်မြို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၅သိန်း၄ သောင်းသည် ရှေ့တန်းမှာရပ်တည်ခဲ့ကြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဝင် ၄ သောင်းကျော်သည်လည်း ပထမဆုံးအချိန်တွင် ဟူပေပြည်နယ်နှင့်ဝူဟန့်မြို့သို့ သွားရောက်ကူညီခဲ့ကြသလို သန်းနှင့်ချီသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများက နိုင်ငံတစ်ဝန်း ကပ်ရောဂါတိုက်ဖျက်ရေးရှေးတန်းတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြကြောင်း စက္ကူဖြူစာတမ်းက ဆိုသည်။ 

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံကြီးတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ဆေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗိုင်းရပ်စ်ရောဂါပိုးနှင့် မျက်နှာချင်းဆိုင် တိုက်ရိုက် စီးချင်းထိုးနေရသည့် ကျန်းမာရေးဝန်ထမ်းများ၏ စိတ်ကူးဖြင့်ပင် ပုံဖော်၍မရသော ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများကို ခံစားခဲ့ရသလို ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများကို စတေးခဲ့ရကြောင်း၊ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၂,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရသလို ဒါဇင်နှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံကြီးတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ဆေးဝန်ထမ်းများအား ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆေးဝန်ထမ်းများ၏ ပြည်သူအပေါ်တွင်ထားရှိသော စေတနာ၊ လူ့အသက်ကို တန်ဖိုးထားလေးစားမှုများနှင့် မိနစ်စက္ကန့်မခြား မိမိအသက်အန္တရာယ်ကို မေ့လျော့ကာ ဆက်တိုက် တိုက်ပွဲဝင်လျက် အသက်များစွာကို ကယ်ဆယ်ရင်း ကပ်ရောဂါတိုက်ဖျက်ရေး သံမဏိမဟာတံတိုင်းကြီးကို အသက်သွေးချွေးနှင့် တည်ဆောက်ပြီး ဗိုင်းရပ်စ်ရောဂါပိုးနှိပ်စက်နေသည့်အမှောင်ထုကို အလင်းရောင်ဆောင်ကြဉ်းပေးခဲ့သလို နိုင်ငံနှင့်ပြည်သူများ၏ မျှော်လင့်ချက်များကို စောင့်ထိန်းခဲ့ကြကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံ ဆရာဝန်ထမ်းများ၏ စေတနာမေတ္တာကြီးမားမှုကို တရုတ်နိုင်ငံ၏သမိုင်းတွင် ထာဝစဉ်မှတ်တမ်းတင်သွားမည်ဖြစ်သလို တရုတ်နိုင်ငံပြည်သူများ၏ရင်ဝယ်တွင်လည်း ထာ၀ရ ရှိနေမည်ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် ဆက်လက်ဖော်ပြထားသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.