ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ရက်တွင် ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မြန်မာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ်သွားရေးများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်တို့ ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ...
နေပြည်တော်။ ဒီဇင်ဘာ ၁၂ ရက် ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဒီဇင်ဘာ ၁၁ ရက်၌ ငွေကျပ် ၅၈၅ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။
ပါရီ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ခရစ္စမတ်စ်ဈေးတစ်ခုအနီး၌ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးသူ ၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ လေးနိုင်ငံတို့ သုံးရက်တာ ယှဉ်ပြိုင်ခဲ့သော ရိုးရာခြင်းလုံးပြိုင်ပွဲ၌ နောက်ဆုံး ဗိုလ်လုပွဲကိုယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ အိမ်ရှင် မြန်မာနိုင်ငံ အသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး လာအိုအသင်းက ဒုတိယ၊ ထိုင်း အသင်း က...
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ နှစ်ခုအား ယနေ့တွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတတို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) မြန်မာ လက်ရွေးစင် ယူ-၂၁ ဘောလုံးအသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ U21 INTERNATIONAL FOOTBALL TOURNAMENT 2018 ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်းတွင် ဒီဇင်ဘာလ ၁၁ ရက်က အာဖဂန်လုံခြုံရေးတပ်ဖွဲ့၏ ယာဉ်တန်းတစ်ခုအား အသေခံကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးနှင့် ဗုံးဖောက်ခွဲသူတစ်ဦး သေဆုံးသွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
ပဲရစ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း Caen မြို့ ဒေသခံအကောက်ခွန် စီမံခန့်ခွဲရေး တာဝန်ရှိသူများက Caen လေဆိပ်တွင် ကိုကင်း ၁၆၆၂ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် ငွေစာရင်းများဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေချိုခရုမှ တစ်ဆင့် ကူးစက်တတ်သော သံပြားကောင် ရောဂါ(Schistosomiasis) ကူးစက်မှု ထိန်းချုပ်ရေး အတွက် လုပ်ငန်း စီမံချက် တစ်ခု ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။