Connect with us

MYANMAR

ရန်ကုန်ဘူတာကြီးတွင် COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အထူးရထားပြေးဆွဲရန်စီစဉ်လျက်ရှိ

ရန်ကုန်ဘူတာကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) 

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) အနေဖြင့် ရန်ကုန်ဘူတာကြီးတွင် COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အထူးရထားပြေးဆွဲရန်စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က မတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်ဘူတာကြီး ၏ စင်္ကြန် ဝင်ပေါက်၊ ထွက်ပေါက်များ တွင် အပူချိန်တိုင်းကိရိယာများဖြင့်စစ်ဆေးခြင်း၊ လက်ဆေးရည်များ နှင့်လက်ဆေးရန် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း ၊ အမြန်ရထားများ၊ လေအိတ်ရထားများတွင် လက်ဆေးဆပ်ပြာ၊ လက်ဆေးကန်များပြုလုပ်ပေးထားကြောင်း သိရသည်။ 

သင်္ကြန်အထူးရထား အား သင်္ကြန်မတိုင်မီ ၈.၄.၂၀၂၀ မှစ၍ ပြေးဆွဲရန် မြန်မာ့မီးရထားရုံးချုပ်သို့ အစီရင်ခံစာတင်ထားကြောင်း၊ ရထားလက်မှတ်များအား ၃ ရက် ကြိုဝယ်ရမည်ဖြစ်ကြောင်း၊ ရထားဈေးနှုန်းများ ပြောင်းလဲမှု မရှိကြောင်း၊ ရန်ကုန်-မန္တလေး ခရီးစဉ် မှာ နေ့စဉ် ခရီးသည် ၃၀၀၀ ကျော်သွားလာနေကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းများတွင် မြို့ ပတ်ခရီးသည် ၆,၀၀၀ မှ ၇,၀၀၀ကြား သွားလာလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua)