ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေးနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ဟာဗားနား၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပထမ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာတီတော့ဗ် (Vladimir Titov) သည် ကျူးဘားနိုင်ငံသို့ အလုပ်သဘောခရီးအဖြစ် ရောက်ရှိနေကြောင်း ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သော ကြေညာချက်အရ သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဖေဖော်ဝါရီ ၂၅ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ထုံးဘို တပ်မတော်အကြီးစားစက်ရုံမှ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းဖြင့် မော်တော်ယာဉ် အစီး ၁၀၀ ထိထုတ်လုပ်နိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရက နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသော တန်ဖိုးနည်းတန်ဖိုးသင့် အိမ်ရာတိုက်ခန်းများတွင် ပျက်စီးမှုများ ဖြစ်ပေါ်နေပါက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စစ်ဆေးပြီး လိုအပ်သလို ပြန်လည်ပြုပြင်ပေးမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ အကြား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝဲလင်တန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်ဟောင်းဂျင်နီရှစ်ပလီ(Jenny Shipley) သည် နယူးဇီလန်ဒေါ်လာ ၃၆ သန်း(အမေရိကန်ဒေါ်လာ ၂၅ သန်း) ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်ခဲ့ရသည့် အဆောက်အအုံပြိုကျမှုဖြစ်ပွားခဲ့သော Mainzeal အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်နေကြောင်း သိရသည်။
ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်သည် ယနေ့(ဖေဖော်ဝါရီ ၂၆ ရက်) နံနက်အစောပိုင်းတွင် မီးရထားဖြင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း လန်ဆန်း(Lang Son) ပြည်နယ်သို့ရောက်ရှိလာခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။(Xinhua)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကားဘီးများဖြုတ်ခိုးသူများအား အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ ဖမ်းဆီးစစ်ဆေးခဲ့ရာ ကားဘီးခိုးမှု(၂၄)မှုဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) Brexit သဘောတူညီချက်ကို အောက်လွှတ်တော်တွင် နောက်ဆုံးမဲခွဲဆုံးဖြတ်ရန် အချိန်ကိုရွှေ့ဆိုင်း လိုက်ပြီဖြစ်ရာ မဲခွဲဆုံးဖြတ်မှုကို မတ်လ ၁၂ ရက်မတိုင်မီ ကျင်းပမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။