Connect with us

Environment, Disasters & Accidents

လသာမြို့နယ်ရှိ သံဈေး မီးလောင်ကျွမ်းမှုတွင်  လူအများအပြား ဈေးအဆောက်အအုံ အတွင်းပိတ်မိနေဆဲဟုဆို

လသာမြို့နယ် လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၂) ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေးတွင်(ဖေဖော်ဝါရီ ၂၀ရက်) ယနေ့နံနက် ၆ နာရီ ၅ မိနစ် အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွါးခဲ့ပြီး နံနက် ၈ နာရီ ၃၀မိနစ် ထိ မီးဆက်လက်လောင်ကျွမ်းနေခြင်းကြောင့် ဈေးအတွင်း လူအများအပြားပိတ်မိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆင်ဟွာသို့ပြောကြားသည်။

“ မီးကဆက်လောင်နေဆဲပါ၊ ငြှိမ်းနေဆဲ ၊ ကယ်ဆယ်ရေးလဲဆက်လုပ်နေဆဲပါ ၊မီးထိန်းနိုင်တဲ့အခြေအနေကို မရောက်သေးဘူး၊ ၁၀လွှာမှာပိတ်မိနေတဲ့ လူ ၃၀ ကျော်ကယ်ထားနိုင်ပြီး၊ အသေးစိတ်ပြီးမှဆက်ပြောလို့အဆင်ပြေမယ်”ဟု ၎င်းက ဆိုသည်။

လသာမြို့နယ် လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

လသာမြို့နယ် လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

လသာမြို့နယ် လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

လသာမြို့နယ် လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

လသာမြို့နယ် လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

လသာမြို့နယ် လမ်းမတော်လမ်းရှိ သံဈေးတွင် မီးလောင်နေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ လမ်းမတော် သံဈေးအဆောက်အအုံသည် ၁၀ထပ်အမြင့်ရှိရာ  မြေညီထပ်မှ သုံးထပ်အထိသံဈေးနေရာဖြစ်ပြီး အပေါ် ၇ထပ်သည် လူနေတိုက်ခန်းများဖြစ်ကြောင်း၊ သံဈေး၏ ဒုတိယအထပ်မှ မီးစတင်လောင်ကျွမ်းသည်ဟု လတ်တလော သတင်းးရရှိထားကြောင်း သိရသည်။

 “ မီးအမြန်ငြိမ်းပါ၊ ဒီဈေးကြီးက ကုန်သည်တွေအားထားရာဈေးပါ၊ ခုထိ မီးသတ်က မီးမထိန်းနိုင်သေးဘူး၊ သူတို့က မီးလည်း ငြှိမ်းလူလည်း ကယ်လုပ်နေပါတယ်၊ အပေါ်တွေမှာ လူတွေ ပိတ်မိတာ ၅၀ အထက်ရှိမယ်”ဟု

သံဈေးအနီးနေထိုင်သူ တစ်ဦးက ဆိုသည်။ 

သံဈေး၏ ဓာတ်လှေကားအတွင်းနှင့်(၁၀)လွှာတွင် လူများပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ ကယ်ဆယ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၈နာရီ ၃၄မိနစ်တွင် လူ၄၃ ဦးကယ်ဆယ်ထားနိုင်ပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း မီးသတ်တပ်ဖွဲ့က

သတင်းထုတ်ပြန်ထားသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ (၀၈ နာရီ ၄၅ မိနစ် )အချိန်တွင်  လူဦးရေ(၈)ဦးထိ ထပ်မံကယ်ဆယ်ထားရာစုစုပေါင်း (၅၁)ဦး ကယ်ဆယ်ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117