နေပြည်တော်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။ ယခုအခါ နှစ်ပေါင်း ၇၀ ကြာပြီးနောက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ရာ ယင်းခရီးစဉ်သည်...
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် အခြားကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်း (၆)ခုအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) လာမည့်ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကဏ္ဍ၌ ပိုမို တိုးတက်ကြွယ်ဝလာမည်ဖြစ်ပြီး ခေတ်သစ်တစ်ခုကို အစပြုခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေး(Luo Zhaohui) က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ယခုနှစ်အတွင် ပြန်လည်ကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ – ၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
တီဟီရန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တီဟီရန်မြို့ ပါရန်ရပ်ကွက်တွင် ဇန်နဝါရီ ၈ ရက်က ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ရသည့် ယူကရိန်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်ဆိုင်ရာ ကနဦး အစီရင်ခံစာတစ်စောင်ကို အီရန်က ဇန်နဝါရီ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
လော့စ်အန်ဂျလိစ် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာကျော် ဟောလီဝုဒ် မင်းသားကြီး လီယိုနာဒို ဒီကာပရီယို၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ဩစတြေးလျ နိုင်ငံ၌ မီးငြှိမ်းသတ်နေမှုများအား အမေရိကန် ဒေါ်လာ သုံးသန်း လှူဒါန်းမည် ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေသည် ဇန်နဝါရီလ ၁၀ရက် မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်အရ မန္တလေးမြို့တွင် နောက်တစ်ပတ်အတွင်း ရေနည်းစိုးရိမ်ရေမှတ် (၃၆၀) စင်တီမီတာအောက်သို့ ရောက်ရှိနိုင်သောကြောင့် ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာရေးများ အထူးသတိပြုသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက...
ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာ့လူဦးရေး အများဆုံး နိုင်ငံ ဖြစ်သော တရုတ် နိုင်ငံသည် နွေဦး ပွဲတော် သို့မဟုတ် တရုတ် နှစ်သစ်ကူး ကာလ မတိုင်မီ ၁၅ ရက် အလိုတွင် နှစ်စဉ် အကြီးမားဆုံး ခရီးသွားလာမှုအား ယနေ့ ဇန်နဝါရီ...
လန်ဒန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တော်ဝင်မိသားစုဘဝကို စွန့်လွှတ်ရန် ဗြိတိန်နိုင်ငံ Sussex နယ်စားနှင့် ကြင်ယာတော်တို့၏ ရည်ရွယ်ချက်သည် ဇန်နဝါရီ ၉ ရက်ထုတ် ဗြိတိန် သတင်းစာခေါင်းကြီးပိုင်းများအတွက် သတင်းရေပန်းစားခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုလျက်ရှိသော YBS ယာဉ်ကြီးများတွင် ငွေပေးချေကတ်ကို ယာဉ် ၁,၄၁၉ စီးတွင် စက်များတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။