Connect with us

Europe

ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော်တို့ တော်ဝင်အဆောင်အယောင် စွန့်လွှတ်ရန် ကြံရွယ်၊ မိသားစုဝင်အတွက် လှုပ်ခတ်မှုအသစ်ဖြစ်ပေါ်

ဗြိတိန်နိုင်ငံ Sussex နယ်စား မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မက်ဂန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တော်ဝင်မိသားစုဘဝကို စွန့်လွှတ်ရန် ဗြိတိန်နိုင်ငံ Sussex နယ်စားနှင့် ကြင်ယာတော်တို့၏ ရည်ရွယ်ချက်သည်  ဇန်နဝါရီ ၉ ရက်ထုတ် ဗြိတိန် သတင်းစာခေါင်းကြီးပိုင်းများအတွက် သတင်းရေပန်းစားခဲ့ကြောင်း သိရသည်။

မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မက်ဂန်မာကဲလ်တို့က ၎င်းတို့အနေဖြင့် ငွေကြေးဆိုင်ရာ တစ်သီးတစ်ခြား ရပ်တည်ရန်နှင့် ဗြိတိန်နှင့် မြောက်အမေရိကတိုက်တွင် လှည့်လည်နေထိုင်သွားရန် စီစဉ်ထားကြောင်း ကြေညာချက်၌ ပြောကြားခဲ့သည်။

 ဗြိတိန်နိုင်ငံ Sussex နယ်စား မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မက်ဂန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

 ဗြိတိန်နိုင်ငံ Sussex နယ်စား မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မက်ဂန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

“လပေါင်းများစွာ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက်မှာ” အထက်ပါ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားပြီး ဘက်ကင်ဟမ်နန်းတော်နှင့် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိထားခြင်း မရှိသေးဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘက်ကင်ဟမ်နန်းတော်က “Sussex နယ်စားနှင့် ကြင်ယာတော်တို့နှင့် ဆွေးနွေးမှုများမှာ စောသေးကြောင်း” နှင့် “ရှုပ်ထွေးတဲ့ကိစ္စများ ဖြစ်သဖြင့် အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ကြောင်း” ကြေညာချက်ဖြင့် ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ယော့ခ်နယ်စား တော်ဝင်ရာထူးစွန့်လွှတ်ခဲ့ချိန်မှစ၍ ဗြိတိန်တော်ဝင်မိသားစုအတွက် ဒုတိယအကြိမ်မြောက် လှုပ်ခတ်စေခြင်းဖြစ်ကြောင်း Times သတင်းစာက ဖော်ပြခဲ့သည်။

Daily Mail သတင်းစာတွင်လည်း “မျှော်လင့်မထားတဲ့ အံ့ဖွယ်တော်ဝင်ဖြစ်ရပ်” တစ်ခုအဖြစ် ရေးသားထားသလို Sun သတင်း၌ “Megxit” ဟူ၍ ခေါင်းစဉ်တပ်ဖော်ပြထားကြောင်း သိရသည်။

ထို့အပြင် Financial Times သတင်းစာကမူ “ငွေကြေးဆိုင်ရာ တစ်သီးတစ်ခြား ရပ်တည်မှု” ဟူသော ဟယ်ရီတို့စုံတွဲ၏ ဆန္ဒအပေါ် အသားပေးရေးသားဖော်ပြထားခဲ့သည်။

ဟယ်ရီနှင့် မက်ဂန်တို့သည် ၂၀၁၇ ခုနှစ်စေ့စပ်ချိန်မှစ၍ မီဒီယာ၏ အာရုံစိုက်မှုကို ရင်ဆိုင်ခဲ့ရကြောင်း ၂၀၁၉ ခုနှစ် အောက်တိုဘာက ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117