ဝါရှင်တန် ၊ မတ် ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ပထမဆုံးလူနာတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း မြို့တော်ဝန် Muriel Bowser က မတ် ၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ရှမန်၊ မတ် ၇ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ပဋိပစ္စည်းအတွက် အဖြေကို ၂၉ မိနစ်အတွင်းသိနိုင်သော စမ်းသပ်ကိရိယာတစ်မျိုးအား တရုတ်နိုင်ငံ အမျိုးသား ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များညွန်ကြားမှုဦးစီးဌာနက ခွင့်ပြုလိုက်ကြောင်း စမ်းသပ်ပစ္စည်းတီထွင်သူက မတ် ၇ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီလလယ် မှ မေလလယ် အထိသည် မြန်မာနိုင်ငံအနှံ့အပြားတွင်လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်ကာလဖြစ်သည့် အတွက် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ Hot line ဖုန်းများအား ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ထွေးကြည်က...
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၅၀ ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်(၆)ခု အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က (၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး တွင် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနက မတ်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ဂျီနီဗာ၊ မတ် ၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါကြောင့် ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှုတွင် သက်ရောက်မှုရှိနိုင်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မရှိမဖြစ်လိုအပ်သည့်ဆေးဝါးများ၏ပံ့ပိုးမှုသည် အပူတပြင်း လိုအပ်နေသည့် အနေအထားမျိုးတွင် မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန (MOE) က ကောလိပ်မှ ဘွဲ့ရများအတွက် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း ပညာထပ်မံသင်ကြားခြင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေခြင်းများ လုပ်ဆောင်နိုင်ရန် လမ်းကြောင်းများ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျီနီဗာ ၊ မတ် ၇ ရက်(ဆင်ဟွာ) နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် နွေရာသီတွင် အလိုအလျောက်ပျောက်နိုင်သည်ဟူသောအဆိုမှာ သက်သေထောက်အထားမရှိသေးကြောင်းနှင့် လက်ရှိတွင် နိုင်ငံအသီးသီးက COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အစွမ်းကုန်လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ကျန်းမာရေးအရေးပေါ်အစီအစဉ်၏ အမှုဆောင် ဒါရိုက်တာ Michael Ryanက မတ် ၆ ရက်...
ဆော်ပေါ်လို၊ မတ် ၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်တွင် မြေပြိုမှုများစွာဖြစ်ပွားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၃၁ ဦးအထိ ရှိလာကာ ၄၉ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံအာဏာပိုင်များက မတ် ၆ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး စောင့်ကြည့်လူနာ ၂ ဦးနှင့် သံသယလူနာ ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးပြီး သေဆုံးသူများအား ဓာတ်ခွဲနမူနာအဖြေများရရှိရန် ဆောင်ရွက်ထားမှုအရ သေဆုံးသူများထဲမှ တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း...