Connect with us

North America

ဟောလီဝုဒ် မင်းသား လီယိုနာဒို ဩစတြေးလျ တောမီးဘေး အတွက် ကန်ဒေါ်လာ ၃ သန်း လှူမည်

ဟောလီဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယိုအား တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အန်ဂျလိစ် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

ကမ္ဘာကျော် ဟောလီဝုဒ် မင်းသားကြီး လီယိုနာဒို ဒီကာပရီယို၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ဩစတြေးလျ နိုင်ငံ၌ မီးငြှိမ်းသတ်နေမှုများအား အမေရိကန် ဒေါ်လာ သုံးသန်း လှူဒါန်းမည် ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

အော်စကာ ဆုရှင် လီယိုနာဒို ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ဩစတြေးလျ နိုင်ငံ နေရာ အနှံ့အပြား၌ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းနေခြင်းကို တုံ့ပြန် ငြှိမ်းသတ်ရန် အတွက် “ဩစတြေးလျ တောမီး ရန်ပုံငွေ အဖွဲ့”ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။အဆိုပါ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့အစည်းအား လီယိုနာဒိုက ပူးတွဲ ဉက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး ရာသီဉတု ပြောင်းလဲခြင်း နှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းများအား ဆန့်ကျင် တိုက်ဖျက်ရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။လက်ရှိ ဖြစ်ပွားနေသော ဩစတေးလျ တောမီး လောင်ကျွမ်းကြောင့် လူ ၂၅ ဦး သေဆုံးခဲ့ပြီး လူနေအိမ်ခြေများ ထောင်ပေါင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ကာ တိရစ္ဆာန် အကောင်ရေ ခန့်မှန်းခြေ သန်း ၄၈၀ သေဆုံးခဲ့ကြောင်း သိရသည်။

ဟောလီဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယိုအား တွေ့ရစဉ်(ဆင်ဟွာ)

ဗစ်တိုးရီးယား ပြည်နယ် ကွပ်ကဲရေး စင်တာ ပြောရေးဆိုခွင့် ရှိသူ Luke Heagarty က ယခု အပတ် အစောပိုင်းတွင် ဆင်ဟွာ သတင်းဌာနသို့ ပြောကြားရာ၌ အဆိုပါ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးသည် လူနေရပ်ကွက်များ ဆီသို့ ကူးစက်လာခြင်း မရှိရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း နှင့် မီးလောင်ကျွမ်း ပျံ့နှံနိုင်ချေ ရှိသော နေရာများကို လျှော့ချရန် လုပ်ငန်းစဉ် များကို ဦးစားပေး ဆောင်ရွက်နေကြောင်း ဆိုသည်။“ကျွန်တော်တို့ အနေနဲ့ မီးလောင်ကျွမ်းမှုကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အချိန် အကြာကြီး လုပ်ရပါမယ်။ဒါပေမယ့် လူမှုအသိုက်အဝန်း အပေါ် သက်ရောက်လာတဲ့ အခြေအနေကို လျှော့ချနိုင်ဖို့ ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်နေတာပါ”ဟု ပြောရေးဆိုခွင့် ရှိသူ Luke Heagarty က ပြောသည်။

ဟောလီဝုဒ် မင်းသား လီယိုနာဒို ဒီကာပရီယိုအား တွေ့ရစဉ်(ဆင်ဟွာ)

ဩစတြေးလျ တောမီး လောင်ကျွမ်းမှု ဘေးအန္တရာယ် အတွက် ငွေကြေးထောက်ပံ့ လှူဒါန်းသည့် နာမည်ကြီး အနုပညာရှင်များ စာရင်းမှာ အရေအတွက် တိုးပွားလာပြီး ယခု အပတ် အစောပိုင်းက ဩစတြေးလျ သရုပ်ဆောင်  Chris Hemsworth နှင့် အင်္ဂလိပ် ပေါ့အဆိုတော် Elton John တို့က ဒေါ်လာ ၁ သန်းစီ အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။(Xinhua)