တီဟီရန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) အီရန် နိုင်ငံ ရေတပ်က ရေငုတ်သင်္ဘောမှ ပစ်လွှတ်ရသော ပြည်တွင်းထုတ် “Jask” ခရုဇ်ဒုံးကျည် အမြောက်အများကို ထုတ်လုပ်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်ဟု Press TV ၏ ဖော်ပြမှု အရ သိရသည်။
တီရန်နာ ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) အယ်လ်ဘေးနီးယားနိုင်ငံ၌ နိုဝင်ဘာ ၂၆ ရက်တွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းကို နိုဝင်ဘာ ၃၀ ရက်တွင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း နှင့် စုစုပေါင်း သေဆုံးသူ...
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ဉီးရေ စုစုပေါင်း ၉၇၀,၂၁၅ ဦး ရှိကြောင်း ၊ ယင်းတို့အနက် အများဆုံးအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာတွဲတွင်...
မနီလာ ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(Sea Games) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ဖိလစ်ပိုင်၌ကျင်းပခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်က ခတ္တမန္ဒူမြို့တွင် ပြုလုပ်ခဲ့ပြီး နီပေါနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး ကိစ္စရပ်များအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နုင်ငံ အလယ်ပိုင်း ဟူပိန် ပြည်နယ် ရှိ ဝူဟန့်-ရှီးရန် မြန်နှုန်းမြင့်ရထားလမ်း အား နိုဝင်ဘာ ၂၉ ရက် တွင် ရထားများ စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါမြန်နှုန်းမြင့်ရထားလမ်းသည် ဝူဟန့်-ရှီးရန် အားခရီးသွားလာရန်ကြာချိန် တစ်ဝက်ပိုမိုသက်သာသွားပြီး ရထားစီးနင်းရသည့်...
ဟောင်ကောင်၊နိုဝင်ဘာလ ၃၀ ရက်(ဆင်ဟွာ) ဟောင်ကောင်တွင်ဆန္ဒပြသမားများက ရက်သတ္တပတ် နှစ်ပတ်ခန့်အခိုင်အမာ စခန်းချခဲ့ကြသော ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်(Hong Kong Polytechnic University) ဝင်း အတွင်းအန္တရာယ်ရှိပစ္စည်းများအား ရဲတပ်ဖွဲ့ကနှစ်ရက်ကြာရှင်းလင်းမှုများပြုလုပ်ပြီးနောက်တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ခွင့်ပိတ်ဆို့ထားခြင်းအားရဲတပ်ဖွဲ့ကပြန်လည်ရုပ်သိမ်းကာ ဝင်းအတွင်းမှနိုဝင်ဘာလ ၂၉ ရက်မွန်းလွဲပိုင်းတွင်ပြန်လည်ထွက်ခွာ၍တက္ကသိုလ်အုပ်ချုပ်ရေးကိုလည်းပြန်လည်လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ်(၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို နိုဝင်ဘာ ၂၉ ရက် (ယနေ့) ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် တီမော အသင်းအား ၃-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဒေသတွင်းလုံခြုံရေး ထိန်းသိမ်းရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး နိုဝင်ဘာ ၂၈ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
မနီလာ၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ) အကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက် တွင် တရားဝင်ဖွင့်လှစ်မှုနှင့်အတူ နိုဝင်ဘာလ၏နောက်ဆုံးရက်သတ္တပတ်အကုန်၌ ဖိလစ်ပိုင်နိုင်ငံသ့ို တိုင် ဖွန်းကမ်မူရီ(Typhoon Cammuri) ဝင်ရောက်တိုက်ခတ်ရန်ခန့်မှန်းရကြောင်းဖြင့်ဖိလစ်ပိုင် လေထုဆိုင် ရာ၊ဘူမိရူပဗေဒဆိုင်ရာနှင့်နက္ခတ္တဗေဒလုပ်ငန်းများစီမံခန့်ခွဲရေးအဖွဲ့(PAGASA) ကနိုဝင်ဘာလ၂၈ ရက် တွင်ပြောကြားခဲ့သည်။