Connect with us

Social

အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်း အဖွဲ့လေးဖွဲ့ခွဲ၍ ငှက်စာရင်းကောက်ယူ

အင်းလေးကန်ဘေးမဲ့တောအတွင်းရှိ ရေပျော်ငှက်များအားတွေ့ရစဉ် (ဓာတ်ပုံ- ကြေးမုံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်းရှိ နယ်မြေလေးခုတွင် အဖွဲ့လေးဖွဲ့ခွဲ၍ ငှက်စာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း ယင်းအစီစဉ်တွင် အင်းလေးကန်၊ ဘီလူးချောင်း၊ စံကားအင်း နှင့် မိုးဗြဲဆည်(ဖယ်ခုံအင်း)တို့ပါဝင်ကြောင်းသိရသည်။ 

အဆိုပါငှက် စာရင်းများကောက်ယူရာတွင် ဒေသခံရေပျော်ငှက်မျိုးစိတ် ၁၉ မျိုး (ကောင်ရေ ၇,၆၆၈ ကောင်)၊ ဒေသပြောင်းရွှေ့ ရေပျော်ငှက် မျိုးစိတ် ၁၇ မျိုး (ကောင်ရေ ၅,၆၀၃ ကောင်)၊ ဒေသခံ သစ်တောငှက် မျိုးစိတ် ၄၄ မျိုး (ကောင်ရေ ၁,၉၁၁ ကောင်)နှင့် ဒေသပြောင်းရွှေ့ သစ်တောငှက်မျိုးစိတ် ၁၁ မျိုး (ကောင်ရေ ၁၀၄ ကောင်)တို့အပြင် အင်းလေးကန်ငှက်ကြည့်စင် ဧရိယာအတွင်းမှ ရှားပါးရေပျော်ငှက်မျိုးစိတ်များဖြစ်သည့်  ဘဲအုပ်စု Bear’ Pochard (Aythya baeri) (CR) နှစ်ကောင်၊ စံကားအင်း အတွင်းမှ မျက်ခုံးဖြူရေငုံး White-browed Crake (Porzana cinerea) သုံးကောင်တို့ကိုလည်း မှတ်တမ်းသစ်အဖြစ် စာရင်းကောက်ယူမှတ်တမ်းတင်နိုင်ခဲ့ကြောင်း အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အာရှရေပျော်ငှက်စာရင်းကောက်ယူခြင်းကို နိုင်ငံပေါင်း ၂၅ နိုင်ငံ၌  ဇန်နဝါရီလ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ရမ်ဆာ ဒေသများဖြစ်သည့် အင်းတော်ကြီးအင်း၊ အင်းလေးကန်နှင့် မိုးယွန်းကြီးအင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ရေပျော် ငှက်များအတွက် အရေးကြီးထိန်းသိမ်းသင့်သည့် ပုလိပ် အင်းနှင့် ပျူကန်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင်ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117