Connect with us

Africa & Middle East

လုံခြုံရေးအဆောက်အဦအား စစ်တပ်က ပြန်သိမ်းနိုင်ခဲ့ပြီဟု ဆူဒန်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကြေညာ

ဆူဒန်နိုင်ငံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ Abdel Fattah al-Burhan အားတွေ့ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံရှိ သူပုန်အဖွဲ့တစ်ခုက ဇန်နဝါရီ ၁၄ ရက်တွင် သိမ်းပိုက်ခဲ့သည့်   ဆူဒန်အစိုးရ၏ အထွေထွေထောက်လှမ်းရေးဌာန(GIS) ရုံးအဆောက်အဦအားလုံးကို ယနေ့ ဇန်နဝါရီ ၁၅ ရက်တွင် စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆူဒန်နိုင်ငံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ Abdel Fattah al-Burhan က ကြေညာလိုက်သည်။

“ ဆူဒန်စစ်တပ်ရဲ့ အစီအစဉ်နဲ့ GIS ရဲ့ ကွပ်ကဲရေးရုံး အဆောက်အဦအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ” ဟု ဇန်နဝါရီ ၁၅ ရက် နံနက်အစောပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ al-Burhan က ဆိုသည်။လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရန် ၅ နာရီကြာပိတ်ထားခဲ့သည့် Khartoum အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်းလည်း Al-Burhan က ထုတ်ပြန်ကြေညာသည်။(Xinhua)