Connect with us

Local

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်တွင်း/ပြည်ပရှိ လုပ်ငန်းခွင်များ၌လုပ်သား ၅၀,၀၀၀ ကျော် အလုပ်အကိုင်ရရှိ

အထည်ချုပ်လုပ်ငန်းခွင်တွင် လုပ်သားများ အလုပ်လုပ်ကိုင်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ၂၄,၀၀၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ များတွင် လုပ်သား၂၆,၀၀၀ ကျော် စုစုပေါင်း လုပ်သား ၅၀,၀၀၀ကျော် အလုပ်အကိုင်ရရှိခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၃ ရက်ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၁,၃၅၉ ဦး၊ ပုဂ္ဂလိကအလုပ်အကိုင် ၂၅,၁၉၂ ဦး စုစုပေါင်း ၂၆,၅၅၁ ဦး ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အနေဖြင့် မလေးရှားနိုင်ငံသို့ ၆,၄၇၂ ဦး၊ စင်ကာပူနိုင်ငံသို့ ၇၆ ဦး၊ ကိုရီးယား နိုင်ငံသို့ ၅၃၆ ဦး၊ ထိုင်းနိုင်ငံသို့ ၁၆,၆၉၁ ဦး၊ ဂျပန်နိုင်ငံသို့ ၆၁၉ ဦး၊ ယူအေအီး နိုင်ငံသို့ တစ်ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၁၆၃ ဦး၊ ကာတာနိုင်ငံသို့ ၁၄ ဦး   စုစုပေါင်း ၂၄,၅၇၂ ဦးကို အလုပ်အကိုင်အတွက် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။ 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွား စေရေးအတွက်ရည်ရွယ်၍   အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့်    ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် အွန်လိုင်းမှဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)