ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ဦးဝင်းသူမိုးအား မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဆက်လက်သက်တမ်းတိုး ချုပ်ဆိုတော့မည် မဟုတ်ဘဲ နည်းပြချုပ်သစ် တစ်ဦးအား ခန့်အပ်တာဝန်ပေးရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နေ ပြည်သူများအတွက် ဇုန် အလိုက် ရေဖြန့်ဝေပေးမည့် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ် ဩဂုတ် ၂၇ ရက်က အဆိုပြုလွှာ များ တင်သွင်းရန် ဖိတ်ခေါ်ခဲ့ပြီး လုပ်ငန်းစဉ် များ...
ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်သို့ ကူးပြောင်းချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် လူဦးရေတိုးနှုန်း(အလယ်အလတ်) ခန့်မှန်းတွက်ချက်မှုအရ ၅၄.၄၅ သန်းသို့ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ အင်အားဦးစီးဌာန၏ ယနေ့...
ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ ဒုတိယသမ္မတများ ဖြစ်သည့် ဦးမြင့်ဆွေ ၊ ဦးဟန်နရီဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော် ဉက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ၂၀၂၀...
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသားကော်မတီတွင် နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
အေသင်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ Limboh ဆိပ်ကမ်းပြင်ပ ရေမိုင် ၂ မိုင် (၃ ဒသမ ၇ ကီလိုမီတာ) တွင် ကျောက်ချရပ်နားနေသော ဂရိနိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စီးကို ပင်လယ်ဓားပြများ တိုက်ခိုက်ခဲ့ကာ သင်္ဘောသား ၈ ဦးကို အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းဌာနက ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ထိပ်တန်းသတင်း ကောက်နုတ်ချက် ၁၀ ခုကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
ဟောင်ကောင် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အမှုဆောင် အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ပြီးခဲ့သော လများ အတွင်း ဆန္ဒပြသမားများကြောင့် ပျက်စီးခဲ့သည့် လမ်းမီးပွိုင့်များ ပြင်ဆင်ရန် ဟောင်ကောင် ဒေါ်လာ သန်း ၃၀ ကျော်(အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၅ သန်း)...
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၅၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၇,၁၂၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် ဟိုပုံးမြို့နယ် ဖက်ရမ်းကြီးကျေးရွာ၏ အနောက်တောင်ဘက် ၃မိုင်ခန့်အကွာ၌ အမြင့်၁ပေခန့်သီးပွင့်ဆဲဘိန်းစိုက်ခင်း၁၂ ဧကခန့်အားဖျက်ဆီးခဲ့ကြောင်းပြန်ကြား ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။