ဒူရှန်းဘီ ၊ မေ ၂၀ ရက်(ဆင်ဟွာ) တာဂျစ်ကစ္စတန် နိုင်ငံ မြို့တော် ဒူရှန်းဘီ၏ အရှေ့ပိုင်းရှိ လုံခြုံရေး မြင့်မားသော အကျဉ်းထောင် တစ်ခုတွင် ထောင်ဆူမှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၂၉ ဦး နှင့် ထောင်ဝန်ထမ်း ၃ ဦး သေဆုံး သွားကြောင်း တရားရေး...
ရီယိုဒီဂျနေရိုး ၊ မေ ၂ဝ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံမြောက်ပိုင်း ပါရာပြည်နယ်(Para) အတွင်းရှိ အရက်ဘားတစ်ခု၌ မေ ၁၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၁ ဦးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အမ်းမြို့နယ်၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ၌ ယနေ့ မေ ၂၀ ရက် မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၅၀)မိနစ်၊ (၀၀)စက္ကန့် အချိန်တွင် အင်အား ၄.၁အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၁၉ ရက်(ဆင်ဟွာ) ၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲအား အိမ်ရှင် အဖြစ် မြန်မာနိုင်ငံ လက်ခံ ကျင်းပ ခဲ့ရာတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်ဆု ၉ ဆုဖြင့် အများဆုံး ဆွတ်ခူး...
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် မေ ၁၈ ရက် နံနက်ပိုင်းက ငွေကျပ် သိန်း၈၇၃၀ တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကာရာကပ်စ်၊ မေ ၁၉ ရက်(ဆင်ဟွာ) ပြည်တွင်းနိုင်ငံရေးပဋ္ဋိပက္ခများကို ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အဖြေရှာရန် ဗင်နီဇွဲလား အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် အတိုက်အခံပါတီနှင့် နော်ဝေတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) က မေ ၁၇ ရက် ညပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့်...
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) မေ ၁၈ ရက်က လေပြင်းတိုက်ခိုက်မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ခုတွင် နေအိမ်များ အပျက်အစီးဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မနီလာ၊ မေ ၁၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ အမှတ် ၂ ရထားလမ်း တွင် မေ ၁၈ ရက် ညပိုင်းက ရထားနှစ်စင်း တိုက်မိမှု ဖြစ်ပွားရာ လက်ရှိအချိန်ထိ ဒဏ်ရာရသူ ၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဆစ်ဒနီ၊ မေ ၁၉ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာ နယူးကယ်လ်ဒိုးနီးယား Tadine အနီးပင်လယ်ပြင်တွင် မေ ၁၉ ရက်က ပြင်းအား ၆.၈ အဆင့်ရှိ အင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူဗိဗေဒတိုင်းတာရေးဌာန(USGS) မြေငလျင်သတင်းဝက်ဘ်ဆိုက်၏ သတင်းများ အရသိရသည်။