Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ငြိမ်းချမ်းရေးတိုးတက်မှု လမ်းကြောင်းပေါ်တွင် နေသွားမည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည့် သမ္မတ ရှှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ငြိမ်းချမ်းရေးတိုးတက်မှု လမ်းကြောင်းပေါ်တွင် နေထိုင်သွားမည် ဖြစ်ကြောင်းနှင့် တံခါးဖွင့်ဝါဒ၏ အပြန်အလှန် အကျိုးကျေးဇူးရှိသော မဟာဗျူဟာသို့ လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အောက်တိုဘာလ ၁ ရက်တွင် ကတိပြုလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ အထွေထွေ အတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံအားလုံးက ပြည်သူတွေနဲ့အတူ လက်တွဲပြီး ကံကြမ္မာအကျိုးတူ အသိုက်အဝန်း တစ်ခု ပူးတွဲတည်ထောင်ဖို့ လုပ်ဆောင်သွားပါမယ်” ဟု သမ္မတ ရှီက ပြောခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏ သဘောသဘာဝ၊ ရည်ရွယ်ချက်နှင့် သွင်ပြင်လက္ခဏာများကို ပြည်သူများအား အားအင်များအဖြစ် အမြဲတစေ စောင့်ထိန်းထားရှိရန်၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများအား အပြည့်အဝ ကာကွယ်ပေးရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအား ထိန်းသိမ်း အခိုင်အမာထိန်းသိမ်းရန် ရှီက အလေးထားပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117