ဝါရှင်တန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၂၅ ရက် ၌ အစ္စရေး နိုင်ငံ မှ ဂိုလန်ကုန်းမြင့် အချုပ်အခြာ အာဏာ အား ပိုင်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ပြီး...
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိပ်ချိန်း (YSX) ၃ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနား နှင့် YSX Award 2019 ချီးမြှင့်ခြင်းအခမ်းအနားကို ရန်ကုန်စတော့အိတ်ချိန်းတွင် ယနေ့ ကျင်းပခဲ့သည်။
Nice ၊ မတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၄ ရက် ညပိုင်းက Niceမြို့တွင် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီက ပြင်သစ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်တည်ထောင်ပြီးနောက် ပထမဆုံး တရုတ်နိုင်ငံနှင့်...
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ၊ အနက် (၅၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၁၉၄၆.၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဂျေရုဆလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်းလူမျိုး ဟားမတ်အကျဉ်းသားများသည် အကျဉ်းထောင်တစ်ခု၌ အစ္စရေးထောင်ဝန်ထမ်းများကို ဓါးဖြင့်တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ရာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအကျဉ်းဦးစီးဌာနက မတ် ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသားတစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ၂၀၁၈ခုနှစ်အကုန်တွင် ဘဏ်ကတ် ၅ကတ်ကျော် ကိုင်ဆောင်ထားပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ မှ လူအများအပြားသည် ငွေစက္ကူဖြင့် လဲလှယ်သုံးစွဲမှုမှ ကတ်စနစ်သို့ ပြောင်းလဲသုံးစွဲလာကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတစ်ခုအရသိရသည်။
ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) သည် အထွေထွေရွေးကောက်ပွဲ၌ ၎င်းပါတီကမျှော်လင့်ထားသည့် မဲအရေအတွက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် မတ် ၂၄ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။