ကီးယက်၊ ဇူလိုင် ၁၄ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ကီးယက်မြို့ ရှိ ၁၁၂ ရုပ်မြင်သံကြား ဌာန အဆောက်အဦကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဟူစတန်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ဟာရီကိန်း မုန်တိုင်း “ဘာရီ(Barry)” သည် အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်(Louisiana)ကို ဇူလိုင် ၁၃ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ရာ လက်ရှိတွင် လူပေါင်း ၁ သိန်း ၃ သောင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြုံတွေ့နေရကြောင်း သိရသည်။
နယူးဒေလီ ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး ၉ဝဝ,ဝဝဝ ခန့်ရေဘေးသင့်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အီရန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ဗြိတိန် နိုင်ငံ ၏ ဖမ်းဆီးခြင်း ခံထားရသော အီရန် နိုင်ငံ မှ ရေနံစိမ်း များ သယ်ဆောင်လာသည့် ရေနံတင် သင်္ဘော အား အမြန်ဆုံး...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဇူလိုင် ၁၂ ရက်၌ ICEအပါအဝင် မူးယစ်ဆေးဝါး ကီလို ၂၂၀၀ကျော် ဖမ်းမိရမိခဲ့ကြောင်း မူးယစ်ဆေးဝါး ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
အန်ကာရာ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) တူရကီနိုင်ငံက ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ဇူလိုင်လ ၁၂ ရက်ကလက်ခံ ရရှိခဲ့ရာ ထိုကဲ့သို့ဝယ်ယူခဲ့မှုကတူရကီနိုင်ငံအပေါ် အမေရိကန်ကပိတ်ဆို့မှုအား တုံ့ပြန်ဖြစ်ပေါ်လာစေ နိုင်သလို နေတိုးအဖွဲ့၏မဟာမိတ်အဖြစ်တည်ရှိမှုကိုလည်းစမ်းသပ်ရာရောက်စေမည်ဖြစ်ကြောင်းသိရ သည်။ ရုရှားနိုင်ငံလုပ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ တူူရကီနိုင်ငံ Murted လေတပ်အခြေစိုက်စခန်းသို့ အန်တိုနော့ဗ်...
မနီလာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Surigao del Sur ပြည်နယ်တွင် ဇူလိုင်လ ၁၃ ရက် နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ၅.၅ ရှိသော ငလျင်ကြောင့် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ၊ ဘုရားကျောင်းများနှင့်...
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ကျပ်သိန်း ၃၈၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ယနေ့ (ဇူလိုင် ၁၃ ရက်) နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုများဖြစ်ပေါ်လာသဖြင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘူဒါပတ်စ်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEECs) နှင့်အတူ နှစ်ဦးနှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုအား ထောက်ခံခြင်း၊ ဘက်ပေါင်းစုံပါဝင်မှုအား စောင့်ထိန်းခြင်းနှင့် ဘုံစိန်ခေါ်မှုများအား ကိုင်တွယ်ခြင်း လုပ်ဆောင်မည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုပုံစံ တရုတ်-CEEC ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်...