ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနောက်ဖက်တွင် ယနေ့ ဇူလိုင် ၁၄ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
နေပြည်တော် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး စတုတ္ထနေ့ဖြစ်သည့် ဇူလိုင် ၁၄ ရက်တွင် မူဝါဒ အဆိုပြုချက်များအား ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။ညီလာခံတွင် နိုင်ငံရေး...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) လာမည့်ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မှာကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေ နှင့် ရွှေကျင်မြစ်ရေ မြင့်တက်နိုင်သည့် အတွက် မဒေါက်မြို့နယ်နှင့် ရွှေကျင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့အကြံပြုချက်ထုတ်ပြန်သည်။
ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တွင် ကျင်းပ ပြုလုပ်သည့် နေတိုး တပ်ဖွဲ့ ထိပ်သီး အစည်းအဝေး မှာ ဇူလိုင်လ ၁၂ ရက်နေ့ ၌ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။ အစည်းအဝေး အတွင်း အမေရိကန်...
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသည့် Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲတွင် ရန်ကုန်အကယ်ဒမီယူ ၁၃ဘောလုံးအသင်းသည် အိမ်ရှင် အယုဒ္ဓယယူနိုက်တက်နှင့် ဘီးယားလာအိုအသင်းတို့ကို ဂိုးပြတ်အနိုင်ယူပြီး အုပ်စုဗိုလ်ဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကုလားမချောင်ကျေးရွာ မြစ်ကမ်းအနီးရှိ ဓနိမိုး/ကာ၊ ဝါးကြမ်းခင်း နေအိမ် ၇ လုံးအား ဖျက်သိမ်း၍ ကျေးရွာအတွင်းသို့ ပြောင်းရွှေ့ခဲ့ ကြောင်းပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဒမတ်စကပ်စ် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဦးဆောင်သည့် နိုင်ငံတကာ တပ်ဖွဲ့ က ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir ez-Zor ပြည်နယ် အတွင်းရှိ မြို့ နှစ်မြို့...
မနီလာ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Sarangani ပြည်နယ် တွင် ဇူလိုင်လ ၁၃ ရက်နေ့ ၌ ကုန်တင်ကား တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၇ ဦး သေဆုံး...
ကိုင်ရို၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့ တောင်ပိုင်း ဂီဇာမြို့ အနီးတွင် ဇူလိုင် ၁၃ ရက် က အီဂျစ်ရထားတစ်စီး တွဲချော်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဌာန က ဖော်ပြခဲ့သည်။