Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီးနှင့် အဖွဲ့ကို ရွေးချယ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ပြည်သူ့ကျေးဇူးတင်လွှာ ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-အတိုင်ပင်ခံရုံး)

ရန်ကုန်၊မေ ၂၄ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် အဖွဲ့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် မေ ၁၂ ရက် နံနက် ၉နာရီ ဝန်းကျင်တွင် လေယာဉ်ရှေ့ဘီးမကျဘဲ အရေးပေါ်ဆင်းသက်ရာတွင် လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် အဖွဲ့သည် ခရီးသည်များကို အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ခရီးသည်များဘေးကင်းစွာ ဆောင်ရွက်ခဲ့ခြင်း၊လေယာဉ်ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် တည်တည်ငြိမ်ငြိမ် ဆင်းသက်ခဲ့ခြင်းတို့ကြောင့် မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်သူ့ကျေးဇူးတင်လွှာတွင်ဖော်ပြထားသည်။

မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုး၊တွဲဖက်လေယာဉ်မှူး ဦးကောင်းဆက်လင်းနှင့် မျိုးသီဟအောင်တို့အားလည်းကောင်း၊အကြီးတန်းလေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊လေယာဉ်မယ် ဒေါ်ကေဂျာဆန်အောင်၊ဒေါ်ခိုင်ဇာလင်းနှင့် ဒေါ် ဥမ္မာအောင်တို့ကို ရွေးချယ်၍ ကျေးဇူးတင်လွှာထုတ်ပြန်လိုက်ကြောင်း သိရသည်။

လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် လေယာဉ်အမှုထမ်းများဖြစ်စဉ်သည် မိမိတို့ကျွမ်းကျင်တက်မြောက်သော ပညာရပ်များ၊လေ့လာခဲ့သည့် ကြိုတင်ပြင်ဆင်မှုများကို တည်တည်ငြိမ်ငြိမ်၊ ယုံကြည်မှုရှိရှိဖြင့် စုပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကျော်လွှားအောင်မြင်နိုင်ကြောင်း အထင်အရှားသက်သေပြသနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.