Connect with us

Local

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုရီးယားအသေးစားအလတ်စားလုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲသို့တက်ရောက်

ကိုရီးယားအသေးစားအလတ်စားလုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲကျင်းပစဉ် (ဓာတ်ပုံ-- ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၁၉ ခုနှစ် မေလ ၂၂ မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့သော ကိုရီးယားအသေးစားအလတ်စားလုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲ နှင့် Korean Fintech Week 2019 သို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲကို ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ဆောင်မှုကော်မရှင်နှင့် ကိုရီးယားနိုင်ငံ၏စက်မှုဘဏ် တို့က ကိုရီးယားနိုင်ငံရှိ SMEs လုပ်ငန်းများအတွက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို မျှဝေဆွေးနွေးပေးနိုင်ပါရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်း၌ Seoul Dongdaemun Design Plaza (DDP) တွင်ကျင်းပပြုလုပ်ခဲ့သည့် Korea Fintech Week 2019 သို့ တက်ရောက် ခဲ့ပြီး Korea Chamber of Commerce and Industry-KCCI တွင် ပြုလုပ်သည့် ကိုရီးယားအသေးစားအလတ်စားလုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကာပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကိုရီးယားနိုင်ငံစက်မှုဘဏ် ဥက္ကဋ္ဌMr. Kim, Do-Jin တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြောင်း လည်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ကိုရီးယားနိုင်ငံရှိ ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ SMEs လုပ်ငန်းရှင် ၂၈၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုရီးယားအသေးစားအလတ်စားလုပ်ငန်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှီးနှောဖလှယ်ပွဲကျင်းပစဉ် (ဓာတ်ပုံ– ရင်းနှီးမြှုုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန)

ပြည်ထောင်စုဝန်ကြီးမှ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ၏ ပွင့်လင်းမြင်သာသည့် ပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းမူဝါဒများ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးစီမံချက် (MIPP) နှင့် မြန်မာ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ကြိုဆို အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မြန်မာ နိုင်ငံ၌ ကိုရီးယား SMEs ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုပါကြောင်း ဆွေးနွေး ပြောကြားသည်ဟုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117