ကိုလံဘို ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန(DWC) က နိုင်ငံအတွင်း ဆင် နှင့် လူ ပဋိပက္ခများ လျော့ပါးစေရန် ရည်ရွယ်၍ တောဆင်ရိုင်းများ၏ ခန္ဓာကိုယ်ထဲတွင် လမ်းပြမြေပုံစနစ်(GPS) ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒါကာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို ့ရှိ ကော်ဖီဆိုင်တစ်ခုအား စစ်သွေးကြွများက အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသားအများစု အပါအဝင် လူအများအပြား သေဆုံးခဲ့ရသည့် အဖြစ်အပျက် ၃ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဇူလိုင်လ ၂ ရက် ဒေသစံတော်ချိန် နံနက် ၂း၀၀ နာရီက ခြံစည်းရိုးနံရံပြိုကျခဲ့ပြီး လူ ၁၃ ဦးသေဆုံးကာ အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တူးနစ် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) လုံခြုံရေးအကြောင်းပြချက်ဖြင့် တူနီးရှားနိုင်ငံရှိ အမေရိကန်သံရုံးကို ဇူလိုင် ၁ ရက်တွင် ပိတ်ပစ် ခဲ့ကြောင်း သိရသည်။
ဆူဗာ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်သမုဒ္ဒရာ ဗာနူအာကျွန်းနိုင်ငံ Luganville မြို့အရှေ့ပင်လယ်ပြင်တွင် ဇူလိုင် ၂ ရက်က ပြင်းအား ၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာ နိုင်ငံသားများ ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံသား စိစစ်ပြီး သူများအား သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့်...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ နည်းစနစ်အကြံပေး Mr Dato’ Yap Nyim Keong သည် ဖီဖာမှ FIFA Forward 2.0 Development Programme ဖွံ့ဖြိုးရေး အစီအစဉ်များ နှင့် နည်းဥပဒေသစ်များ နှင့်စပ်လျဉ်း၍...
ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ယူနစ်များ ဆုံးရှုံးမှုများ(Losses)များနှင့်ပတ်သက်၍ Advance Metering Infrastructure-AMI စနစ်ကို ကျင့်သုံးနိုင်ပါက လူနှင့်ပြောင်းလဲပြီး ခိုးယူသုံးစွဲသည့် ကိစ္စများ ပပျောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
နေပြည်တော်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) ၂၀၁၉ ဇူလိုင်လ (၁)ရက်နေ့မှ စပြီး မိုဘိုင်းဖုန်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်မှု၌ ကုန်သွယ်လုပ်ငန်းခွန်အပြည့် ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၊ အခွန်မူဝါဒနှင့် သုတေသန ဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောကြားခဲ့သည်။