နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော်အနီးက အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး ကျောင်းသား ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်၌ ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ဘက် ဆင်ခြေဖုံးရှိ အဝတ်လျှော်ဆိုင်တစ်ခု၌ အောက်တိုဘာ ၉ရက်တွင် အဝတ်အခြောက်ခံစက် တစ်လုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) မကွေးမြို့၌ ဘုန်းကြီးကျောင်း ကြမ်းခင်းပြိုကျမှု ကြောင့် အမျိုးသမီး(၁၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ပါလက်စတိုင်းဘက်မှ အစောပိုင်းကာလတွင် အစ္စရေးဘက်သို့ ဒုံးကျည်တစ်ခုဖြင့် ပစ်ခတ်ခဲ့သော်လည်း အစ္စရေးပိုင်နက်ထဲသို့ မရောက်ရှိဘဲ ပျက်ကျသွားပြီးနောက် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ စစ်စခန်းအား အောက်တိုဘာ ၈ရက်တွင် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အနောက် ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
တူးနစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး စလင်းရှက်ကာသည် နှလုံးရုတ်တရက်ဖောက်ပြန်မှု ဖြင့် အောက်တိုဘာ ၈ရက် တွင် ကွယ်လွန်ခဲ့ကြောင်း တူးနစ်မြို့ရှိ စစ်ဆေးရုံမှ ကျန်းမာရေးသတင်းရင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။
ဘီနီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း မြောက်ကီဗူပြည်နယ် ရှိ ဘီနီမြို့၌ အောက်တိုဘာ ၇ရက် ညနေပိုင်းတွင် ADF သူပုန်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၄၀ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်တပ်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)
တီဟီရန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ ဥပဒေရေးရာ ဌာန က အောက်တိုဘာ ၈ ရက်နေ့တွင် နျူကလီးယား ဆွေးနွေးမှု တွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ Dorri Najaf Abadi အား သူလျှိုမှုဖြင့် ထောင်ဒဏ်...