Connect with us

Politics, Law & Military

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၂.၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား ဘိန်းဖြူများ နှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၂.၄ သိန်း တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ် ၂၃ ရက် ၊ နံနက် ၁၉းဝဝ နာရီ တွင် ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ရွှေကူမြို့နယ်၊ စီမော်ကျေးရွာ၊ ရွာလည်လမ်းပေါ်တွင် ရွှေကူမြို့ဘက်မှ စီမော်ကျေးရွာဘက်သို့ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ကသာမြို့နယ်၊ ဆင်ကုန်းကျေးရွာနေ ဆန်းကို ၄ဝ နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာမှ တဆင့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုဆိုင်ကယ်ခွကြားအတွင်း တင်ဆောင်လာသည့် အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့် ထားသော ဘိန်းဖြူအလေးချိန် ၅၂၈ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၂၂.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်အပေါ် ဆက်လက် စစ်ဆေးရာ ဘိန်းဖြူများအား ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက်နေ မအေး(ခ)ရင်ရင်အေး ၃၇ နှစ်ထံသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်အပေါ် ရွှေကူ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဆက်လက် ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.