မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမော်စကိုမြို့၌ ဒုတိယမြောက် နေ့အဖြစ် ဆီးနှင်းများထူထပ်စွာကျင်းဆင်းနေရာ လူတစ်ဦးသေဆုံးခဲ့ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sobyanin က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ အမှတ် (၁၇၂)ရှိ ကတ်ထူစက္ကူစက်ရုံ ယနေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် မီးစတင်လောင်ကျွမ်းရာ မီးများကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယနေ့ နေလည် ၃နာရီ ၁၂မိနစ်ကျော်တွင် အင်အားရစ်(ခ်)တာစကေး ၄.ဝအဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၇၇ဦးအပါအဝင် IS စစ်သွေးကြွဟု သံသယရှိသူ ၈၂ဦးကို အစ္စတန်ဘူလ်မြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ရာဇသြင်္ကန်လမ်း၌ ဖေဖော်ဝါရီ ၃ရက် ည ၁၂ နာရီ အချိန်က နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကျပ် ၂၉သိန်းကျော် ဖိုး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ စက်မှုဇုန်အတွင်းရှိ ကနောင်မင်းသားကြီးလမ်း၌ ဖေဖော်ဝါရီ ၃ ရက်နေ့က ဖွင့်လှစ်လိုက်သော ဒုတိယမြောက် ပုဂ္ဂလိကဆေးဝါးစက်ရုံသစ်၌ အမေရိကန် ဒေါ်လာ ၁၀သန်း ရင်းနှီးမြှုပ်နှံထားကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် လာအိုနိုင်ငံ သမ္မတ ဘွန်ညံဘိုရာချစ် နှင့် ပထမအကြိမ် လာအို-တရုတ် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်ရန် ဗီယင်ကျန်းမြို့ သို့ ရောက်ရှိလာသည့် ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို တို့သည်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဇန်နဝါရီလအတွင်း ယာဉ်မတော်တဆမှု ၄၁ မှုဖြစ်ပြီး ၉ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၄ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Swat ခရိုင် ရှိ စစ်စခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၃ရက် ညပိုင်းက အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါကစ္စတန် စစ်တပ်အရာရှိ နှင့် စစ်သား ၁၁ဦးသေဆုံးပြီး အခြား လူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် စစ်တပ်ကပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်၌ ရုရှားလေယာဉ်တစ်စင်းအား စစ်သွေးကြွတို့က ဒုံးကျည်းဖြင့် ပစ်ချခဲ့ရာ လေယာဉ်ပျက်ကျသွားပြီး ရုရှားလေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။